ကမ္ဘာ့ဖလား ကြာသပတေးနေ့ပွဲမှာ ဂျပန်အသင်း စပိန်ကို ၂ ဂိုး၊ ၁ ဂိုးနဲ့နိုင်

  • ဗွီအိုအေမြန်မာပိုင်း

APTOPIX WCup Japan Spain Soccer

ကြာသပတေးနေ့ ကမ္ဘာ့ဖလားပွဲမှာ ဂျပန်က စပိန်ကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရပြီး အုပ်စု ဒုတိယအဆင့် ၁၆ သင်းပြိုင်ပွဲကို တက်သွားပါတယ်။ စပိန်အသင်း က ပြိုင်ပွဲ ပထမပိုင်းမှာ ပထမဦးဆုံး ဂိုးရရှိခဲ့တာဖြစ်ပြီး တိုက်စစ်မှူး Alvaro Morata က သွင်းယူခဲ့ပါတယ်။

ကမ္ဘာ့ဖလား ကြာသပတေးနေ့ပွဲမှာ ဂျပန်အသင်း စပိန်ကို ၂ ဂိုး၊ ၁ ဂိုးနဲ့နိုင်

{{Zawgyi/Unicode}}
ကြာသပတေးနေ့ ကမ္ဘာ့ဖလားပွဲမှာ ဂျပန်က စပိန်ကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရပြီး အုပ်စု ဒုတိယအဆင့် ၁၆ သင်းပြိုင်ပွဲကို တက်သွားပါတယ်။ စပိန်အသင်း က ပြိုင်ပွဲ ပထမပိုင်းမှာ ပထမဦးဆုံး ဂိုးရရှိခဲ့တာဖြစ်ပြီး တိုက်စစ်မှူး Alvaro Morata က သွင်းယူခဲ့ပါတယ်။ ဂျပန်အသင်းက ဒုတိယပိုင်းပြန်စပြီး ၃ မီးနစ်မှာ Ritsu Doan က သွင်းယူခဲ့က ဒုတိယဂိုးကိုတော့ ၅၁ မီးနစ်မှာ Tanaka က သွင်းယူခဲ့တာပါ။ အဲဒီအတွက် လာမဲ့ပွဲစဉ်အဖြစ် Croatia နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဂျာမဏီ နဲ့ ကောစတာရီကာပွဲစဉ်မှာတော့ ဂျာမဏီ ကနေ ၄ ဂိုး ၂ ဂိုး နဲ့ ကော့စတာရီကာ အသင်းကို အနိုင်ရသွားပါတယ်။ အဲဒီလို အနိုင်ရပေမယ့်လည်း ဂိုးကွာခြားချက်အရ အမှတ်နဲ့ ဆုံးဖြတ်တဲ့အတွက်ကြောင့် ဂျာမဏီအသင်း ဟာ ဒုတိယအုပ်စု ၁၆သင်းပြိုင်ပွဲကို တက်ခွင့်မရတော့ပါဘူး။

Morocco နဲ့ Canada ပွဲစဉ်မှာတော့ Morocco က ၂ ဂိုး ၁ ဂိုး နဲ့ Canada ကို အနိုင်ရပြီး ဒုတိယအုပ်စု ၁၆ သင်းပြိုင်ပွဲကို တက်သွားပါပြီ။

Croatia နဲ့ Belgium ပွဲမှာတော့ ဂိုးမရှိ သရေ နဲ့ ပွဲပြီးသွားပေမယ့် Croatia အသင်းက ဒုတိယအုပ်စု အဆင့် ၁၆ သင်းပြိုင်ပွဲကို တက်သွားပါတယ်။ အဲဒီ ဒုတိယအဆင့်မှာ ဂျပန် နဲ့ ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကမ္ဘာ့ဖလား ကြာသပတေးနေ့ပွဲမှာ ဂျပန်အသင်း စပိန်ကို ၂ ဂိုး၊ ၁ ဂိုးနဲ့နိုင်


{{Zawgyi/Unicode}}


