၇ နိုင်ငံပူးတွဲ ဂဠုန်စစ်ရေးလေ့ကျင့်မှု အင်ဒိုနီးရှားမှာ စတင်

美国海军陆战队成员在印尼东爪哇参加2023超级神鹰之盾联合军演启动式。(2023年8月31日)

美国海军陆战队成员在印尼东爪哇参加2023超级神鹰之盾联合军演启动式。(2023年8月31日)

တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်လာနေချိန်မှာပဲ အမေရိကန် အင်ဒိုနီးရှားနဲ့ အခြားနိုင်ငံ ၅ နိုင်ငံပါဝင်တဲ့ ဂဠုန် အထူးစစ်ဆင်ရေး (Super Garuda Shield) ပူးတွဲစစ်ရေးလေ့ကျင့်ရေးမှုကို အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ စတင်ပြု လုပ်နေပြီး ရက်သတ္တပတ် ၂ ပတ်ကြာမှာ ဖြစ်ပါတယ်။

“ ဒီစစ်ရေးလေ့ကျင့်မှုဟာ ၂ ပတ်ကြာမှာဖြစ်ပြီး၊ နိုင်ငံပေါင်း ၁၇ နိုင်ငံ ပါဝင်မှာဖြစ်ပါတယ်။ နိုင်ငံ ၆ နိုင်ငံက စစ်တပ်တွေ စေလွှတ်ခဲ့ပြီး၊ ၁၁ နိုင်ငံက လေ့လာသူအဖြစ် တက်ရောက်မှာဖြစ်ပါတယ်” လို့ အင်ဒိုနိးရှား စစ်တပ်အကြီးအကဲ Yudo Margono ကပြောသွားတာပါ။

ဒီစစ်ရေးလေ့ကျင့်မှုကို အမေရိကန်နဲ့ တရုတ်ကြား အပြိုင်အဆိုင်ဖြစ်နေတဲ့ တောင်တရုတ်ပင်လယ် တောင်ဘက်ခြမ်းရှိ နတ်တူးနား (Natuna) ဒေသဝန်းကျင် ရေပြင်အပါအဝင် နေရာ အများအပြားမှာ လုပ်နေတာပါ။

အင်ဒိုနီးရှားနဲ့ တရုတ်ဟာ ပုံမှန်ဆိုရင် အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို လိုလားကြပေမယ့် တောင်တရုတ်ပင်လယ်အတွင်း အင်ဒိုနီးရှားရဲ့ သီးသန့်စီးပွားရေးဇုန် ရေပိုင်နက်မှာ တရုတ်က ကျူးကျော်ဝင်ရောက်လာမှုအပေါ် စိုးရိမ်ကြောင်း အင်ဒိုဘက်က ထုတ်ဖော်ပြောဆို ထားပါတယ်။

ဒီ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားနဲ့ အမေရိကန် နှစ်နိုင်ငံက ၂၀၀၉ နှစ်ကတည်းကစတင် ပြုလုပ်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့နှစ် အတွင်းက သြစတျေးလျား၊ ဂျပန်နဲ့ စင်္ကာပူတို့ကိုပါ ထပ်မံထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဗြိတိန်နဲ့ ပြင်သစ်တို့ပါ ပါဝင်လာခဲ့ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို သြဂုတ်လ ၃၁ ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားအပါအဝင် နိုင်ငံ ၇ နိုင်ငံက စစ်သည် ၅ ထောင်ကျော်ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဘရူနိုင်း၊ ဘရာဇီး၊ ကနေဒါ၊ ဂျာမဏီ၊ မလေးရှား၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံက လေ့လာသူအဖြစ် ပါဝင်မှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

၇ နိုင်ငံပူးတွဲ ဂဠုန်စစ်ရေးလေ့ကျင့်မှု အင်ဒိုနီးရှားမှာ စတင်