တောင်ကြီး တန်ဆောင်တိုင်ပွဲ ပါဝင်ဆင်နွှဲသူနည်း

တောင်ကြီး တန်ဆောင်တိုင်ပွဲ ပါဝင်ဆင်နွဲသူနည်းပါး (နိုဝင်ဘာ ၂၁၊၂၀၂၃)

ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ၃ နှစ်ကြာရပ်နားခဲ့ရတဲ့ တောင်ကြီး တန်ဆောင်တိုင်ပွဲကို မနေ့က စပြီး ပြန်ကျင်းပခဲ့ပေမဲ့ အရင်နှစ်တွေတုန်းကလို လူအများ အပြားလာရောက်တာမျိုး မရှိပါဘူး။ တောင်ကြီးတန်ဆောင်တိုင်ပွဲကို နှစ်တိုင်းလာရောက်လေ့ရှိတဲ့ အမျိုးသမီးတဦးကတော့ အခုနှစ်မှာ လူမစည်တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း AFP သတင်းဌာနကို ပြောပါတယ်။

တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲဟာ ပုံမှန်အားဖြင့် နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့ အနီးဝန်းကျင်မှာကျင်းပတဲ့ ရိုးရာပွဲတော်တခုဖြစ်သလို၊ ပြည်တွင်းတင်သာမကဘဲ ပြည်ပက ကမ္ဘာလှည့်ခရီးသည်တွေပါ လာရောက်လေ့ရှိတဲ့ ပွဲပါ။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းမှု ဖြစ်ပြီးတဲ့ပြီးနောက်ပိုင်း စစ်တပ်က ကြီးမှူးကျင်းပတဲ့ ဒီနှစ် တန်ဆောင်တိုင်ပွဲမှာတော့ အရင်လို လူအများအပြားလာရောက်ခြင်း မရှိသလို၊ စစ်တပ်ကလည်း လုံခြုံရေးတွေ အများအပြား ချထားပါတယ်။

တောင်ကြီး တန်ဆောင်တိုင်ပွဲ ပါဝင်ဆင်နွဲသူနည်းပါး (နိုဝင်ဘာ ၂၁၊၂၀၂၃)

(၇၁) နှစ်မြောက်အဖြစ် တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာ စေတီတော်ရင်ပြင်မှာ အခုနှစ် ပြန်လည်စတင်တဲ့ ဒီ တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက်ကနေ ၂၇ ရက်အထိ ကျင်းပမှာဖြစ်ပြီး၊ အရင်နှစ်တွေကလို အဖွဲ့လိုက် မီးပုံးပျံလွှတ်ပြိုင်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေပါဝင်ပေမဲ့ လာရောက်ဆင်နွဲသူတွေ အရမ်းနည်းပါနေတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မြောက်ပိုင်းမဟာမိတ်တပ်တွေက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးက တနိုင်ငံလုံး အတိုင်းအတာနဲ့ ပျံ့နှံ့လာချိန်မှာ အခုလို ပျော်ပွဲရွှင်ပွဲ လုပ်တဲ့အပေါ် ဝေဖန်သူတွေလည်း ရှိနေကြပါတယ်။

Your browser doesn’t support HTML5

တောင်ကြီး တန်ဆောင်တိုင်ပွဲ ပါဝင်ဆင်နွှဲသူနည်း