သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေး စိုးရိမ်မှုတွေကြား ပြင်ဦးလွင်မှာ တန်ဆောင်တိုင် မီးပုံပျံပွဲကျင်းပ 


လုံခြုံရေး စိုးရိမ်မှုတွေကြား ပြင်ဦးလွင်မှာ တန်ဆောင်တိုင် မီးပုံပျံပွဲကျင်းပ
လုံခြုံရေး စိုးရိမ်မှုတွေကြား ပြင်ဦးလွင်မှာ တန်ဆောင်တိုင် မီးပုံပျံပွဲကျင်းပ

ပြင်ဦးလွင်မှာ တနင်္ဂနွေညက စတင် ကျင်းပတဲ့ တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်မှာ လူပေါင်း ထောင်ချီ ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။

လုံခြုံရေး စိုးရိမ်မှုတွေကြား ပြင်ဦးလွင်မှာ တန်ဆောင်တိုင် မီးပုံပျံပွဲကျင်းပ

{{Zawgyi/Unicode}}
ပြင်ဦးလွင်မှာ တနင်္ဂနွေညက စတင် ကျင်းပတဲ့ တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်မှာ လူပေါင်း ထောင်ချီ ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။ ပွဲတော်မှာ ပါဝင်ဆင်နွှဲနေရပေမယ့် တနိုင်ငံလုံး အတွက် စိတ်မကောင်း ဖြစ်ရသလို စိုးရိမ်ကြောက်ရွံ့မှုတွေလည်း ရှိတယ်လို့ ပွဲတော်လာသူ တချို့က ပြောကြပါတယ်။ ပွဲလာတဲ့ အသက် ၄၁ နှစ် အရွယ် ဒေါ်တင်မာလွင်ကတော့ အေးချမ်းချင်တယ်၊ အေးချမ်းတာကို မျှော်လင့်တယ်လို့ ပြောပါတယ်။

" ဒီနှစ်တော့ အခက်အခဲတွေကြားက လာတာပေါ့။ နည်းနည်း ကြောက်လန့်စရာတွေ ရှိလည်း ကိုယ်က ပွဲလာချင်တယ် ပွဲကြည့်ချင်တယ်၊ ပြေပြေလည်လည် ဖြစ်ချင်တယ်။ အခုလို ပျော်ပျော်မြူးမြူး ဖြစ်ရတာလည်း ဝမ်းသာတယ် "

Covid ကပ်ဘေးရောဂါနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် ၂ နှစ်ကြာ မကျင်းပနိုင်ခဲ့တဲ့ ပြင်ဦးလွင်က တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကို ဒီနှစ်မှာ ပြန်လည် ကျင်းပတာ ဖြစ်ပါတယ်။ ၅ ရက်ကြာ ယှဉ်ပြိုင်ကြမယ့် မီးပုံပျံ ပွဲတော်မှာတော့ တနင်္ဂနွေညမှာတော့ မီးပုံပျံ ၇၆ လုံး လွှတ်တင် ယှဉ်ပြိုင်ခဲ့ကြပြီး အနုပညာလက်ရာ၊ ပူးပေါင်းဆောင်ရွက်မှု၊ မီးပုံပံျ ပျံတက်တဲ့ အမြင့်နဲ့ ဘယ်လောက် ကြာကြာ ပျံတက်သလဲ ဆိုတာတွေကို ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

...............................


{{Zawgyi/Unicode}}



XS
SM
MD
LG