ဂါဇာကနေ အီဂျစ် ဝင်နိုင်ဖို့ ငွေယူတဲ့ ဝန်ဆောင်မှု

Your browser doesn’t support HTML5

အစ္စရေးနဲ့ ဟာမတ်စ် စစ်သွေးကြွတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ အချိန်ကတည်းက ပါလက်စတိုင်းနိုင်ငံသား အများစု ဝင်မလာနိုင်အောင် Rafah နယ်ခြားကို အီဂျစ်က ပိတ်ထားပေမဲ့ ဂါဇာ ကနေ အီဂျစ်ထဲ လူ‌တွေသွားနိုင်အောင် လုပ်ပေးတဲ့ ခရီးသွားလုပ်ငန်းတခုက လူတယောက်ဆီကို ဒေါ်လာထောင်ချီယူပြီး သယ်ယူပေးခွင့်ရနေပါတယ်။

ဂါဇာကနေ အီဂျစ် ဝင်နိုင်ဖို့ ငွေယူတဲ့ ဝန်ဆောင်မှု

ပြီးခဲ့တဲ့ အောက်တိုဘလ အစ္စရေးနဲ့ ဟာမတ်စ် စစ်သွေးကြွတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ အချိန်ကတည်းက အီဂျစ်နိုင်ငံက ပါလက်စတိုင်းနိုင်ငံသား အများစု ဝင်မလာနိုင်အောင် ဂါဇာကမ်းမြောင် Rafah နယ်ခြားကို ပိတ်ထားခဲ့ပါတယ်။ ဒါပေမဲ့လည်း Gaza ကနေ အီဂျစ်ထဲကို လူ‌တွေ သွားနိုင်အောင် လုပ်ကိုင်ပေးတဲ့ ခရီးသွားလုပ်ငန်းတခုက လူတယောက်ဆီကို ဒေါ်လာထောင်ချီယူပြီး သယ်ယူပေးခွင့်ရနေပါတယ်။ ဒါကြောင့်လည်း ဒုက္ခသည်တွေဆီက ငွေညှစ်ယူနေတဲ့ အဖွဲ့ဆိုပြီး ဝေဖန်ခံနေရပါတယ်။ Henry Ridgwell သတင်းပေးပို့ထားတာကို ကိုစံကျော် ပြောပြပါလိမ့်မယ်။