သမ္မတ Biden နေရာမှာ ၂၀၂၄  ရွေးကောက်ပွဲအတွက် လူစားထိုးသင့်-မသင့် ဒီမိုကရက်တွေဆွေးနွေး

ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့မှာကျင်းပတဲ့ စကားစစ်ထိုးပွဲအတွင်း တွေ့ရတဲ့ သမ္မတ ဂျိုးဘိုင်ဒန်။ (၂၇ ဇွန် ၂၀၂၄)

ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့မှာကျင်းပတဲ့ စကားစစ်ထိုးပွဲအတွင်း တွေ့ရတဲ့ သမ္မတ ဂျိုးဘိုင်ဒန်။ (၂၇ ဇွန် ၂၀၂၄)

၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် ကြာသပတေးနေ့ညက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ နှစ်ယောက် ပထမဆုံးအကြိမ်အဖြစ် စကားစစ်ထိုးပွဲကို ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့မှာ ကျင်းပခဲ့ပါတယ်။

သမ္မတဟောင်း ထရမ့်နဲ့ စကားစစ်ထိုးပွဲမှာ သမ္မတဘိုင်ဒန်ရဲ့ ပြောဆိုမှုတွေ တုံ့ပြန်မှုတွေကို အများက စိတ်ပျက်ခဲ့တာတွေ့ရတဲ့နောက် စိုးရိမ်လာတဲ့ ဒီမိုကရက်တွေဟာ သူတို့ပါတီရဲ့ သမ္မတလောင်းအတွက် အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဘိုင်ဒန်နေရာမှာ အသက်ပိုငယ်သူကို အစားထိုး သင့်မသင့် ဆွေးနွေးလာကြတာပါ။

၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် ပထမဆုံး စကားစစ်ထိုးပွဲ။

၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် ပထမဆုံး စကားစစ်ထိုးပွဲ။

စကားစစ်ထိုးပွဲကို စောပြီးကျင်းပရင် မဲဆွယ်ပွဲအခြေအနေ တမျိုးပြောင်းလာနိုင်တယ်ဆိုပြီး စောစောကျင်းပတဲ့ ဘိုင်ဒန်ရဲ့ မဲဆွယ်ပွဲ မဟာဗျူဟာက အလုပ်မဖြစ်ဖူးလို့ ဒီမိုကရက်ပါတီဝင် ထိပ်ပိုင်း လွှတ်တော်အမတ် အများအပြားနဲ့ ဆယ်စုနှစ်ပေါင်းများစွာ လက်တွဲပြီး နိုင်ငံရေးမဟာဗျူဟာချသူ Jim Manley ကပြောပါတယ်။

ဘိုင်ဒန်အနေနဲ့ သူ့ကို တကယ် သစ္စာစောင့်သိမယ့်သူတွေအပြင် သီးခြားလွတ်လပ်တဲ့ မဲဆန္ဒရှင်တွေ သူ့ကို ထောက်ခံလာအောင် မဲဆွယ်ဖို့ လိုအပ်နေကြောင်း ဒါပေမဲ့ သူ့အနေနဲ့ နိုင်ငံကို ကိုယ်ရောစိတ်ပါ ကျန်းကျန်းမာမာနဲ့ ဦးဆောင်နိုင်ဖို့ လိုတယ်လို့ပြောပါတယ်။

သမ္မတဘိုင်ဒန်ဟာ မိနစ် ၉၀ ကြာ စကားစစ်ထိုးပွဲမှာ အစပိုင်းက လေသံပျော့ပျော့နဲ့ မသဲမကွဲ ပြောဆိုခဲ့သလို၊ ပြောရင်း ရပ်သွားတာ၊ ထစ်နေတာနဲ့ ဘာပြောချင်မှန်းမသိ ဖြစ်နေတာမျိုးတွေ မြင်နေရပေမယ့် သမ္မတဟောင်း ထရမ့်ကတော့ သွက်သွက်လက်လက် ပြောဆိုခဲ့သလို၊ သူ့ထုံးစံအတိုင်း တိုက်ခိုက်ပြောဆိုတာတွေ သိပ်မလုပ်ခဲ့ပေမယ့် သမ္မတ ဘိုင်ဒန်ထက် မမှန်ကန်တဲ့ အချက်အလက်တွေ ပြောခဲ့တာဖြစ်ပါတယ်။

CNN ရုပ်သံ ဌာနချုပ်ရှိရာ အတ္တလန်တာမြို့မှာ ကျင်းပတဲ့ ဒီစကားစစ်ထိုးပွဲကို နိုင်ငံတဝန်း ရုပ်သံလိုင်းတွေမှာ တိုက်ရိုက် ပြသခဲ့တာပါ။ စကားစစ်ထိုးပွဲအပြီး ထွက်လာတဲ့ CNN စစ်တမ်းတွေအရ ၆၇ ရာခိုင်နှုန်းက ထရမ့် အသာစီးရတယ်လို့ ယုံကြည်ကြပြီး ၃၃ ရာခိုင်နှုန်းက သမ္မတဘိုင်ဒန် သာတယ်လို့ ယုံကြည်ခဲ့တာ တွေ့ရပါတယ်။

Your browser doesn’t support HTML5

သမ္မတ Biden နေရာမှာ ၂၀၂၄ ရွေးကောက်ပွဲအတွက် လူစားထိုးသင့်-မသင့် ဒီမိုကရက်တွေဆွေးနွေး