စစ်တပ်အတွက်အဓိကပံ့ပိုးနေတဲ့ MOGE ကို ကန်အမြန်ဆုံးအရေးယူရေး မြန်မာ့အရေးလှုပ်ရှားသူတွေတိုက်တွန်း
Your browser doesn’t support HTML5
မြန်မာစစ်ကောင်စီအတွက် လက်နက်အရောင်းအဝယ်လုပ်ပေးနေသူတွေအပေါ် အမေရိကန်က ပစ်မှတ်ထားဒဏ်ခတ်အရေးယူလိုက်တာကို ကြိုဆိုပေမယ့် စစ်တပ်အတွက် အဓိကဝင်ငွေဖြစ်နေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း(MOGE) ကိုပါ အမြန်ဆုံးပိတ်ဆို့အရေးယူဖို့ လိုအပ်နေကြောင်း မြန်မာ့အရေးလှုပ်ရှားသူတွေက ဗွီအိုအေကို ပြောပါတယ်။