အာဖရိက လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ရပြီ

အာဖရိက သမဂ္ဂရဲ့ ကော်မရှင် ဥက္ကဌ Moussa Faki မိန့်ခွန်းပြောစဉ်

အာဖရိက သမဂ္ဂရဲ့ ကော်မရှင် ဥက္ကဌ Moussa Faki မိန့်ခွန်းပြောစဉ်

အာဖရိကတိုက် ကုန်သွယ်ရေး သဘောတူညီချက်ကို တရားဝင် စတင်လိုက်ပါပြီ။ Niger နိုင်ငံမှာ ကျင်းပတဲ့ အာဖရိက သမဂ္ဂ ထိပ်သီးညီလာခံ အတွင်း အာဖရိကတိုက် လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာ သဘောတူညီချက်သစ်မှာ အာဖရိကတိုက်ရဲ့ စီးပွားရေး အကြီးဆုံး နိုင်ဂျီးရီးယား နိုင်ငံနဲ့ Benin နိုင်ငံတို့က တနင်္ဂနွေနေ့က လက်မှတ်ရေးထိုးလိုက်ကြပါတယ်။ ဒါကြောင့် ကုန်သွယ်မှု သဘောတူညီချက်မှာ Eritrea တနိုင်ငံဘဲ မပါဝင်သေးဘဲ ကျန်ရှိနေတာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက် အောင်မြင်မယ်ဆိုရင်တော့ ဒေါ်လာ ၃ ဒသမ ၄ ထရီလီယံ တန်ဖိုးရှိမယ့် လွတ်လပ်စွာ ကုန်သွယ်ရေး အဖွဲ့ကြီး ဖြစ်လာပြီး အလုပ်အကိုင်တွေနဲ့ ဖွံ့ဖြိုးမှုကို ဦးဆောင်လာမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ အိပ်မက်ဟောင်းက အကောင်အထည် ပေါ်လာခဲ့ပြီ၊ အစပြုခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးများ ဂုဏ်ယူနိုင်ကြပြီလို့ အာဖရိက သမဂ္ဂရဲ့ ကော်မရှင် ဥက္ကဌ Moussa Faki က တနင်္ဂနွေနေ့မှာ ပြောဆိုသွားပါတယ်။

AfCFTA လို့ ခေါ်တဲ့ အာဖရိကတိုက် လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာရဲ့ အောင်မြင်မှုက အာဖရိက ပြည်သူတွေ လိုလားနေကြတဲ့ ကြွယ်ဝမှုနဲ့ ဘ၀ သာယာမှုတွေကို လက်တွေ့ အကောင်အထည်ပေါ်လာစေမယ့် စီးပွားရေး ဖွံ့ဖြိုးမှု အတွက် စမ်းသပ်မှု ဖြစ်လိမ့်မယ်လို့ အာဖရိက သမဂ္ဂရဲ့ ဥက္ကဋ္ဌ၊ အီဂျစ် သမ္မတ Abdel Fattah al-Sisi က ပြောဆိုပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့မှာ တရားဝင် စတင်လိုက်တဲ့ အာဖရိတိုက် လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာ သဘောတူညီချက် ရဖို့ အတွက်တော့ ၁၇ နှစ်ကြာ အကြိတ်အနယ် ဆွေးနွေးညှိနှိုင်းခဲ့ရတာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်နဲ့ သုံးနှစ် အတွင်း အာဖရိက နိုင်ငံတွေကြား ကုန်သွယ်မှုကို ၆၀ ရာခိုင်နှုန်းထိ မြှင့်တင်နိုင်မယ်လို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

Your browser doesn’t support HTML5

အာဖရိက လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ရပြီ