နှစ်သန်း ၁၀၀ က ကင်းခြေများရုပ်ကြွင်း မြန်မာ့ပယင်းမှာတွေ့ရှိ

နှစ်သန်း ၁၀၀ က ကင်းခြေများရုပ်ကြွင်း (ဓါတ်ပုံ- LEIF MORITZ )

မြန်မာနိုင်ငံ ဟူးကောင်းတောင်ကြားဒေသထွက် ပယင်းတလုံးထဲမှာ လွန်ခဲ့တဲ့နှစ် ၉၉ သန်း ဒိုင်နိုဆောတွေရှိတဲ့ ခေတ်က အသက်ရှင်နေထိုင်တဲ့ ကင်းခြေများ Millipede မျိုးစိတ်တမျိုးရဲ့ အပိုင်းအစလေးကို သုတေသန ပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။

ဒီကင်းခြေများကို Burmanopetalum inexpectatum လို့ နာမည်ပေးထားကြောင်း ZooKeys စာစောင်မှာ ဖေါ်ပြထားပါတယ်။ ဒီကင်းခြေများ အရွယ်က ၁ စင်တီမီတာ - တလက်မရဲ့ ၄ ပုံတပုံပဲ ရှိပြီး ခုခေတ်မှာတော့ ကင်းခြေများတွေဟာ ၁၀ စင်တီမီတာ - ၄ လက်မ လောက် ရှိတတ်တာကြောင့် သူ့ကို ကင်းခြေများ Dwarf လူပုလေး လို့ Bulgaria သဘာဝသမိုင်းပြတိုက်က Pavel Stoev ကပြောပါတယ်။

သူဟာ ကင်းခြေများတွေ အဆင့်ဆင့်ပြောင်းလဲလာတဲ့ သမိုင်းကို လေ့လာနိုင်မယ့် မျိုးစိတ်အဖြစ် သုတေသနပညာရှင်တွေက တွက်ထားကြပါတယ်။ ဒိုင်နိုဆောလို ကြီးမားတဲ့ အကောင်ကြီးတွေ အသက်ရှင်နေထိုင်တဲ့ အချိန်မှာ အခုလောက် သေးငယ်တဲ့ကင်းခြေများမျိုး ရှိနေတာက ထူးခြားတယ်လို့ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ခေတ်သစ် ကင်းခြေများနဲ့ မတူပဲ သူ့ရဲ့ နောက်ဆုံး အဆစ်ဟာ ထူးခြားတဲ့ ပုံရှိနေသလို သူ့ကျော ပိုင်းမှာလည်း အမွှေးတွေ မရှိတာပဲ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

နှစ်သန်း ၁၀၀ က ကင်းခြေများရုပ်ကြွင်း မြန်မာ့ပယင်းမှာတွေ့ရှိ