{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့ အမေရိကန်နိုင်ငံသား သတင်းသမား Danny Fenster မနေ့ ကြာသပတေးနေ့က အင်တာနက်အွန်လိုင်းကနေ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ Frontier Myanmar ဂျာနယ်ရဲ့ ဝက်ဆိုဒ် အယ်ဒီတာဖြစ်တဲ့သူကို ၅ဝ၅ (က) နဲ့ စွပ်စွဲပြီး မေလကတည်းက ဖမ်းဆီးထားတာဖြစ်ပါတယ်။
တကယ်လို့ စစ်ကောင်စီတရားရုံးကနေ သူကို အပြစ်ရှိကြောင်း ဆုံးဖြတ်ရင် သူဟာ ထောင်ဒဏ် သုံးနှစ်အထိကျခံရနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားနေတဲ့အချိန်မှာ သူအတွက် မိသားစုဝင်တွေက စိုးရိမ်နေကြောင်း သူနဲ့ ညီအကိုအရင်းဖြစ်သူ Bryan Fensteကပြောပါတယ်။
ဒါအပြင်အကျဉ်းထောင်အစောင့်တွေနဲ့ ဝန်ထမ်းတွေဟာ ဖျားနာနေကြပြီး ခွင့်ယူတာတွေရှိတယ်လို့ သူကြားသိရကြောင်းလည်း က Bryan ပြောပါတယ်။
CNBC Cable သတင်းမှာ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ မြင့်တက်မှုတွေဟာ စိုးရိမ်စရာကောင်းကြောင်းနဲ့ Danny Fenste ကိုလွှတ်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားကြောင်း ဖော်ပြထားပါတယ်။
ဒါနဲ့ဆိုရင် တတိယအကြိမ်မြောက်ရုံးထုတ်တာဖြစ်ပြီး လာမယ်ရုံးချိန်းကိုတော့ နောက်ထပ် ၂ပတ်အကြာကို ချိန်းဆိုထားပါတယ်။
သူဟာ ပြီးခဲ့တဲ့မေလ ၂၄ ရက်နေ့က အမေရိကန်ကို ပြန်ဖို့အတွက် မလေးရှားနိုင်ငံကို ထွက်ခွာစဉ်မှာ ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။
Deniel Fenster လို အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ နောက်ထပ် အမေရိကန်နိုင်ငံသား ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင်ကိုတော့ ပြီးခဲ့တဲ့ဂျွန်လ ၁၄ရက်နေ့က အမှုကို ရုတ်သိမ်းပြီး စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။
.........................................
Your browser doesn’t support HTML5
{{Unicode}}