[Zawgyi/Unicode]
အဇာဘုိင္ဂ်န္သမၼတ IIham Aliyev က အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္ၾကားက ေရရွည္ေပၚေပါက္လာတဲ့ ပဋိပကၡေတြကို အဆုံးသတ္လိုက္ၿပီျဖစ္သလို အဇာဘိုင္ဂ်န္ရဲ ႔ နယ္ေျမေတြကို သိမ္းပိုက္ထားတာကိုလည္း အဆုံးသတ္လိုက္ပါၿပီလို႔ ေျပာဆိုသြားတာပါ။
Nagorno-Karabakh ေဒသမွာ သီတင္း ၆ပတ္ၾကာ ထိပ္တုိက္ရင္ဆုိင္ေတြ႔မႈေတြ ေပၚေပါက္ၿပီး လူ ၁,၃၀၀ ထက္မနည္း ေသဆုံးခဲ့ၿပီးတဲ့ေနာက္မွာေတာ့ အာေမးနီးယားနဲ႔ အဇာဘုိင္ဂ်န္ႏုိင္ငံတို႔႔ အဂၤါေန႔မွာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီမႈ လက္မွတ္ေရးထိုးလိုက္ၾကပါတယ္။
SEE ALSO: Nagorno-Karabakh စစ္ပဲြ အရပ္သားပစ္မွတ္ေရွာင္ဖို႔ ႏွစ္ဖက္သေဘာတူဒီသေဘာတူညီမႈအရ အဲဒီအရပ္မွာ ၅ ႏွစ္တာ ခ်ထားမယ့္ ႐ုရွားရဲ ႔ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႔ ၂,၀၀၀ ကို စတင္ေစလႊတ္ေနၿပီလို႔ ရုရွားက အဂၤါေန႔မွာေျပာပါတယ္။ အေစာပိုင္းကအပစ္ရပ္သေဘာတူညီမႈ ရထားခဲ့ေပမယ့္ အဇာဘိုင္ဂ်န္တပ္ဖြဲ ႔ေတြက နည္းဗ်ဴဟာအရအေရးပါတဲ့ Shusha ၿမိဳ ႔ကို တနဂၤေႏြေန႔က ထိန္းခ်ဳပ္လိုက္တာ အပါအ၀င္ ေဒသအေတာ္မ်ားမ်ားကို သိမ္းပိုက္လိုက္ၿပီးတဲ့ေနာက္မွာ ခုေနာက္ဆုံး ျဖစ္ရပ္ေပၚေပါက္လာတာပါ။ သေဘာတူညီမႈအသစ္ထဲမွာေတာ့ စက္တင္ဘာလေႏွာင္းပိုင္းက ေပၚေပါက္လာတဲ့ တုိက္ပြဲေတြမွာ အဇာဘိုင္ဂ်န္တပ္ဘက္က ထိန္းခ်ဳပ္ခဲ့တဲ့နယ္ေျမေတြကို အဇာဘုိင္ဂ်န္ကပဲ ဆက္ၿပီးထိန္းခ်ဳပ္ခြင့္ေပးဖို႔ ေတာင္းဆိုထားပါတယ္။ Nagorno-Karabakh ေဒသကို အဇာဘိုင္ဂ်န္ပိုင္အျဖစ္ ႏုိင္ငံတကာက အသိအမွတ္ျပဳထားေပမဲ့ ဒီေဒသမွာ အာေမးနီးယားလူမ်ိဳးစုေတြအုပ္ခ်ဳပ္ေနတာပါ။
အဇာဘုိင္ဂ်န္သမၼတ IIham Aliyev က အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္ၾကားက ေရရွည္ေပၚေပါက္လာတဲ့ ပဋိပကၡေတြကို အဆုံးသတ္လိုက္ၿပီျဖစ္သလို အဇာဘိုင္ဂ်န္ရဲ ႔ နယ္ေျမေတြကို သိမ္းပိုက္ထားတာကိုလည္း အဆုံးသတ္လိုက္ပါၿပီလို႔ လက္မွတ္ေရးထုိးပြဲမွာ ေျပာဆိုသြားတာပါ။
အာေမးနီးယား၀န္ႀကီးခ်ဳပ္ Nikol Pashinyan က စစ္ေရးအေျခအေနေတြကို ေလးေလးနက္နက္သုံးသပ္ၿပီးမွ အပစ္ရပ္ သေဘာတူစာခ်ဳပ္မွာ လက္မွတ္ထိုးခဲ့ရတာျဖစ္ၿပီး သူနဲ႔ သူ႔ျပည္သူျပည္သားေတြအတြက္ပါ ေဖာ္ျပလို႔မရတဲ့ နာက်င္မႈေတြ ခံစားရပါတယ္လို႔ေျပာပါတယ္။ ဒီေၾကျငာခ်က္ေၾကာင့္ အာေမးနီးယားၿမိဳ ႔ေတာ္ Yerevan မွာ စိတ္ဆိုးေဒါသထြက္တဲ့ ရာနဲ႔ခ်ီတဲ့လူေတြ ဆႏၵျပခဲ့ၾကသလို လူတခ်ိဳ႕လည္း ပါလီမန္လႊတ္ေတာ္ထဲ အတင္း၀င္ေရာက္ၿပီး ၀န္ႀကီးခ်ဳပ္ႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။
Your browser doesn’t support HTML5
အာေမးနီးယား-အဇာဘုိင္ဂ်န္ အပစ္ရပ္သေဘာတူညီခ်က္သစ္ လက္မွတ္ထိုး
[Unicode Version]
အာမေးနီးယား-အဇာဘိုင်ဂျန် အပစ်ရပ်သဘောတူညီချက်သစ် လက်မှတ်ထိုး
အဇာဘိုင်ဂျန်သမ္မတ IIham Aliyev က အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်ကြားက ရေရှည်ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေကို အဆုံးသတ်လိုက်ပြီဖြစ်သလို အဇာဘိုင်ဂျန်ရဲ့ နယ်မြေတွေကို သိမ်းပိုက်ထားတာကိုလည်း အဆုံးသတ်လိုက်ပါပြီလို့ ပြောဆိုသွားတာပါ။
Nagorno-Karabakh ဒေသမှာ သီတင်း ၆ပတ်ကြာ ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေ ပေါ်ပေါက်ပြီး လူ ၁,၃၀၀ ထက်မနည်း သေဆုံးခဲ့ပြီးတဲ့နောက်မှာတော့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ အင်္ဂါနေ့မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
ဒီသဘောတူညီမှုအရ အဲဒီအရပ်မှာ ၅ နှစ်တာ ချထားမယ့် ရုရှားရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့ ၂,၀၀၀ ကို စတင်စေလွှတ်နေပြီလို့ ရုရှားက အင်္ဂါနေ့မှာပြောပါတယ်။ အစောပိုင်းကအပစ်ရပ်သဘောတူညီမှု ရထားခဲ့ပေမယ့် အဇာဘိုင်ဂျန်တပ်ဖွဲ့တွေက နည်းဗျူဟာအရအရေးပါတဲ့ Shusha မြို့ကို တနင်္ဂနွေနေ့က ထိန်းချုပ်လိုက်တာ အပါအဝင် ဒေသအတော်များများကို သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာ ခုနောက်ဆုံး ဖြစ်ရပ်ပေါ်ပေါက်လာတာပါ။ သဘောတူညီမှုအသစ်ထဲမှာတော့ စက်တင်ဘာလနှောင်းပိုင်းက ပေါ်ပေါက်လာတဲ့ တိုက်ပွဲတွေမှာ အဇာဘိုင်ဂျန်တပ်ဘက်က ထိန်းချုပ်ခဲ့တဲ့နယ်မြေတွေကို အဇာဘိုင်ဂျန်ကပဲ ဆက်ပြီးထိန်းချုပ်ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။ Nagorno-Karabakh ဒေသကို အဇာဘိုင်ဂျန်ပိုင်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားပေမဲ့ ဒီဒေသမှာ အာမေးနီးယားလူမျိုးစုတွေအုပ်ချုပ်နေတာပါ။
SEE ALSO: Nagorno-Karabakh စစ္ေၾကာင့္ ေသဆံုးသူ႐ုပ္အေလာင္း လဲလွယ္ေရး ၾကက္ေျခနီ ကူညီမည္အဇာဘိုင်ဂျန်သမ္မတ IIham Aliyev က အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်ကြားက ရေရှည်ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေကို အဆုံးသတ်လိုက်ပြီဖြစ်သလို အဇာဘိုင်ဂျန်ရဲ့ နယ်မြေတွေကို သိမ်းပိုက်ထားတာကိုလည်း အဆုံးသတ်လိုက်ပါပြီလို့ လက်မှတ်ရေးထိုးပွဲမှာ ပြောဆိုသွားတာပါ။
အာမေးနီးယားဝန်ကြီးချုပ် Nikol Pashinyan က စစ်ရေးအခြေအနေတွေကို လေးလေးနက်နက်သုံးသပ်ပြီးမှ အပစ်ရပ် သဘောတူစာချုပ်မှာ လက်မှတ်ထိုးခဲ့ရတာဖြစ်ပြီး သူနဲ့ သူ့ပြည်သူပြည်သားတွေအတွက်ပါ ဖော်ပြလို့မရတဲ့ နာကျင်မှုတွေ ခံစားရပါတယ်လို့ပြောပါတယ်။ ဒီကြေငြာချက်ကြောင့် အာမေးနီးယားမြို့တော် Yerevan မှာ စိတ်ဆိုးဒေါသထွက်တဲ့ ရာနဲ့ချီတဲ့လူတွေ ဆန္ဒပြခဲ့ကြသလို လူတချို့လည်း ပါလီမန်လွှတ်တော်ထဲ အတင်းဝင်ရောက်ပြီး ဝန်ကြီးချုပ်နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။