မြန်မာ့ဒီမိုကရေစီအရေး အာဆီယံကို ကန်ဖိအားပေး

ရန်ကုန်မြို့က စစ်အာဏာဆန့်ကျင်ဆန္ဒပြ သပိတ်စစ်ကြောင်းမြင်ကွင်း။ (ဇူလိုင် ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်လည်ဖေါ်ဆောင်ရေးနဲ့ မတရား ဖမ်းဆီးခံရသူတွေ အားလုံး ပြန်လည်လွတ်မြောက်ရေးမှာ အာဆီယံဘက်က လက်တွဲပြီး အရေးယူ ဆောင်ရွက်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေကို တိုက်တွန်းလိုက်ပါတယ်။

အာဆီယံနဲ့ အမေရိကန်ပြည်ထောင်စုအကြား နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အွန်လိုင်းက ကျင်းပတဲ့ အထူး အစည်းအဝေးမှာ မြန်မာနိုင်ငံအရေး အထူးစိုးရိမ်တဲ့အကြောင်းနဲ့ အာဆီယံအဖွဲ့က မြန်မာ့အရေးချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖေါ်နိုင်ဖို့ အရေးကြီးတဲ့အကြောင်းတွေကို ဝန်ကြီး Blinken ထည့်သွင်းဆွေးနွေးခဲ့တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price က သတင်းထုတ်ပြန်ထားပါတယ်။ ဘုံသဘောတူညီချက်တွေနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က တာဝန်ယူမှုရှိလာအောင် အာဆီယံအနေနဲ့ ချက်ခြင်း အရေးယူဆောင်ရွက်ဖို့နဲ့ မြန်မာ့အရေး အထူးသံတမန် ခန့်အပ်ရေး ကိစ္စတွေကို အကောင်အထည်ဖေါ်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီး Blinken က တိုက်တွန်းသွားပါတယ်။

SEE ALSO: စစ်တပ်သတင်းပေး စွပ်စွဲပြီး သတ်ဖြတ် တိုက်ခိုက်ခံရမှုများ

ဥပေဒ စိုးမိုးရေး၊ အစိုးရကောင်းတရပ် ပေါ်ထွန်းရေး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့နဲ့ ဆက်နွယ်တဲ့ အာဆီယံ ပဋိညာဉ် စာတမ်း အခြေခံတွေကို ပြန်လည် ပြောဆိုပြီး အမေရိကန် ပြည်ထောင်စုနဲ့ အာဆီယံအကြားမှာ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်၊ စီးပွားရေး ကြွယ်ဝမှုနဲ့ ပြည်သူအချင်းချင်း ခိုင်မာတဲ့ ဆက်သွယ်မှုတွေကို အခြေခံတဲ့ မဟာမဗျုဟာကျ လက်တွဲဖက်အဖြစ် တည်ဆောက်ရေးကိစ္စတွေကိုလည်း ဝန်ကြီး Blinken က ဆွေးနွေးခဲ့ပါတယ်။

Your browser doesn’t support HTML5

မြန်မာ့ဒီမိုကရေစီအရေး အာဆီယံကို ကန်ဖိအားပေး

[Unicode Version]



SEE ALSO: ဦးကျော်မိုးထွန်းကို လွှဲပေးဖို့ မြန်မာစစ်ကောင်စီတောင်းဆို

