ဒေါ်အောင်ဆန်းစုကြည်ကိုစွပ်စွဲတဲ့ ရွေးကောက်ပွဲမလျော်ဩဇာသုံးမှု စတင်စစ်ဆေး 

Myanmar's State Counsellor Aung San Suu Kyi attends the plenary session of the 34th Association of Southeast Asian Nations (ASEAN) Summit in Bangkok on June 22, 2019. (Photo by Lillian SUWANRUMPHA / AFP)


[[Zawgyi/Unicode]]

NLD ပါတီရွေးကောက်ပွဲအနိုင်ရအောင် မလျော်သြဇာသုံးခဲ့တယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဟောင်း ဦးမင်းသူတို့အပေါ် စွဲဆိုထားတဲ့အမှုအတွက် တရားလိုကို နေပြည်တော်မှာ ဒီကနေ့ စတင်စစ်ဆေးခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရအောင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က နဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က တရားစွဲခဲ့တာပါ။ တရားလိုဖြစ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက တရားရုံးမှာ အစစ်ခံပါတယ်။

စွပ်စွဲခံရထားရသူ ၃ ဦးဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အပေါ်မှာ မလျော်သြဇာ သုံးဆောင်ရွက်ခဲ့ကြောင်း တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့အတူ ရွေးကောက်ပွဲ အောင်နိုင်ဖို့ ကူညီရေးအဖွဲ့တွေဖွဲ့ပြီး ဆောင်ရွက်ခဲ့ကြောင်း သက်သေထွက်ဆိုသွားခဲ့ပါတယ်။ စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေကို မီဒီယာနဲ့စကားမပြောရလို့ တားမြစ်ထားတဲ့အတွက် စစ်ဆေးပုံ အသေးစိတ်ကိုတော့ မသိရပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတဦးဝင်းမြင့်ကော ဦးမင်းသူပါ အားလုံး ကျန်းမာရေးကောင်းမွန်ကြတယ်လို့လည်း သိရပါတယ်။

ဒီအမှု ကို ၂ လအတွင်း ပြီးပြတ်အောင် တနင်္လာ‌နေ့တိုင်း စစ်ဆေးသွားမယ်လို့ သိရပါတယ်။ အပြစ်ရှိတယ်လို့ တရားရုံးကဆုံးဖြတ်ခဲ့ရင် ထောင်ဒဏ် ၃ နှစ်အထိချနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိ အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချမှတ်ထားပါတယ်။

Your browser doesn’t support HTML5

ဒေါ်အောင်ဆန်းစုကြည်ကိုစွပ်စွဲတဲ့ ရွေးကောက်ပွဲမလျော်ဩဇာသုံးမှု စတင်စစ်ဆေး

============

[[Unicode]]







============