ဘင်္ဂလားနဲ့ မြန်မာ စစ်အရာရှိတွေ ဒုက္ခသည်နေရပ်ပြန်ရေး ဆွေးနွေးမည်

ကူညီထောက်ပံ့ရေးပစ္စည်းများ ရယူနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းတွင်းမှ ဒုက္ခသည်များ။ (စက်တင်ဘာ ၁၄၊ ၂၀၁၇)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Aziz Ahmed ဟာ မြန်မာ့တပ်မတော် ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်သွားကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာရေးကိစ္စ ဆွေးနွေးသွားမှာ ဖြစ်သလို နှစ်နိုင်ငံကြားတည်ရှိတဲ့ ရင်းနှီးမှုတွေ ပိုမိုခိုင်မြဲရေး နည်းလမ်းရှာဖွေသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နှစ်ဖက်စစ်တပ် အပြန်အလှန် လေ့ကျင့်သင်ကြားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်သွားဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

နယ်စပ်တလျှောက် ဖောက်လုပ်နေတဲ့ လမ်းကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးမှာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်တပ် ပြည်သူ့ဆက်ဆံရေးဌာန ISPR က ပြောပါတယ်။

ဗိုလ်ချုပ်ကြီး Aziz ရဲ့ ဒီခရီးစဉ်အတွင်း ကာကွယ်ရေးစစ်တက္ကသိုလ်နဲ့ စစ်သမိုင်းပြတိုက်တွေကိုလည်း သွားရောက်လေ့လာဦးမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး Aziz ဟာ တနင်္ဂနွေနေ့ မနက်ပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး ၄ ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ကျရင် ခရီးစဉ်ကို အဆုံးသတ်ပြီး မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

----------------------------------

(Unicode)







Your browser doesn’t support HTML5

ဘင်္ဂလားနဲ့ မြန်မာ စစ်အရာရှိတွေ ဒုက္ခသည်နေရပ်ပြန်ရေး ဆွေးနွေးမည်