တရုတ်နဲ့ရုရှားလုပ်ကားပစ္စည်းတွေပါတဲ့ မော်တော်ယဉ်တွေ ကန့်သတ်ဖို့ ကန်ပြင်ဆင်

တရုတ်နိုင်ငံလုပ် လျှပ်စစ်ကားတွေကို နိုင်ငံတကာတင်ပို့ဖို့ Suzhou ဆိပ်ကမ်းမှာ ရပ်နားထားစဥ်။ (စက်တင်ဘာ ၁၁၊ ၂၀၂၃)

တရုတ်နဲ့ ရုရှားထုတ် ကားပစ္စည်းတွေတပ်ဆင်တဲ့ အွန်လိုင်းဆက်သွယ်မှုလုပ်နိုင်တဲ့ မော်တော်ယာဉ်တွေ၊ အလိုအလျှောက် မောင်းနှင်စနစ်တွေ ပါဝင်တဲ့ မော်တော်ယာဉ်တွေကို အမေရိကန်ပြည်ထောင်စုတွင်း ရောင်းချမှုတွေ ပိတ်ပင်ဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ အမေရိကန် ကုန်သွယ်ရေးဌာနက ပြောပါတယ်။

ဒါဟာ အမေရိကန်အမျိုးသားလုံခြုံရေးနဲ့ ယာဉ်မောင်းတွေကို အကာအကွယ်ပေးနိုင်ဖို့ ဆောင်ရွက်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နဲ့ ရုရှားလုပ် ကွန်ပြူတာအပျော့ထည် ကားပစ္စည်းတပ်ဆင်မှု ပိတ်ပင်ချက်တွေကို ၂၀၂၇ ခုနှစ်ထုတ် မော်တော်ယာဉ်တွေမှာ စပြီး အသက်ဝင်မှာဖြစ်သလို ကွန်ပြူတာအမာထည်ပစ္စည်းတပ်ဆင်ထားမှု ပိတ်ပင်တာတွေကိုတော့ ၂၀၃၀ ဒါမှမဟုတ် ၂၀၂၉ ဇန်နဝါရီထုတ် မော်တော်ယာဉ်အမျိုးအစားတွေကစပြီး အသက်ဝင်စေမယ်လို့ ကုန်သွယ်ရးဌာနအရာရှိတွေက ပြောပါတယ်။

အသံဖမ်းစက်ကိရိယာ၊ ကင်မရာ၊ GPS ဆက်သွယ်ရေးနစ်စနဲ့ Bluetooth နည်းပညာ ဆက်သွယ်ရေးစတဲ့ မော်တော်ယာဉ်ပေါ်ပါတဲ့ ကိရိယာတွေကနေ ကားပိုင်ရှင်နဲ့ပတ်သက်လို့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ပေါက်ကြားနိုင်တာကြောင့် အခုလို အဆောတလျင် ကာကွယ်ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ကုန်သွယ်ရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

တရုတ်နိုင်ငံလုပ်မော်တော်ယာဉ်တွေဟာ အမေရိကန်အမျိုးသားလုံခြုံရေးကိုထိခိုက်နိုင်သလားဆိုပြီး စုံစမ်းစစ်ဆေးဖို့ သမ္မတ Biden က ဖေဖော်ဝါရီလအတွင်းက အမိန့်ထုတ်ခဲ့ပြီးနောက် အခုလို ကုန်သွယ်ရေးဌာနရဲ့ကြေညာချက်ထွက်လာတာပါ။ တရုတ်နိုင်ငံလုပ်လျှပ်စစ်ကားတွေ အလျင်အမြန်ဈေးကွက်ရလာနေတဲ့ ဥရောပဘက်မှာလည်း တရုတ်မော်တော်ယာဉ်တွေရဲ့ ကွန်ပြူတာစနစ်တွေနဲ့ပတ်သက်လို့ လုံခြုံရေးစိုးရိမ်ချက်တွေ ထွက်ပေါ်နေပါတယ်။

Your browser doesn’t support HTML5

တရုတ်နဲ့ရုရှားလုပ်ကားပစ္စည်းတွေပါတဲ့ မော်တော်ယဉ်တွေ ကန့်သတ်ဖို့ ကန်ပြင်ဆင်