ကန်-ဂျပန် နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေး

အမေရိကန်-ဂျပန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ တွေ့ဆုံတဲ့ မြင်ကွင်း။ (မတ် ၁၆၊ ၂၀၂၁)

[Zawgyi/Unicode]

တရုတ်နိုင်ငံက ပိုပြီးတော့ပြောင်ကျကျ လုပ်လာနေတာနဲ့ မြောက်ကိုရီးယားရဲ့ ရန်လိုမှုကို ရင်ဆိုင်နေရချိန်မှာ ပစိဖိတ်သမုဒ္ဒရာ တဘက်တချက်စီက နိုင်ငံတွေကြား မိတ်ဘက်ပူးပေါင်းဆောင်ရွက်မှုကို ထပ်လောင်းအာမခံရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ဟာ ဂျပန်အစိုးရထဲက အလားတူဝန်ကြီးတွေနဲ့ ဒီကနေ့ တိုကျိုမြို့တော်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

၂+၂ လို့ သိထားကြတဲ့ ဒီစည်းဝေးပွဲမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi ၊ ကာကွယ်ရေးဝန်ကြီး Nobuo Kishi တို့နဲ့ အမေရိကန်ဝန်ကြီးနှစ်ဦး တွေ့ဆုံဆွေးနွေးကြတာပါ။ ဒါဟာဖြင့် သမ္မတ Joe Biden အစိုးရထဲက ဝန်ကြီးတွေရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပါတယ်။

SEE ALSO: ကန်နိုင်ငံခြားရေး၊ ကာကွယ်ရေးဝန်ကြီး အာရှအရှေ့မြောက်ခရီးစဉ်စတင်

အမေရိကန်နဲ့ ဂျပန် နှစ်နိုင်ငံစလုံးဟာ "ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို ယုံကြည်ပေမယ့် ဒေသတွင်းမှာ ဒီစံတန်ဖိုးတွေ ခြိမ်းခြောက်ခံနေရတယ်။" လို့ ဝန်ကြီး Motegi နဲ့ သီးခြားဆွေးနွေးပွဲမတိုင်ခင် ဝန်ကြီး Blinken ကပြောခဲ့ပါတယ်။

အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တွင်း အခြေမပျက် အနေအထားကို ပြောင်းပစ်ဖို့ တရုတ်က ကြိုးစားနေတဲ့အပေါ် သူတို့နှစ်ဦးစလုံး ကန့်ကွက်တယ်လို့ ဂျပန်ဝန်ကြီး Motegi က နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။

အဲဒီပင်လယ်တွေထဲမှာ တရုတ်က စစ်အင်အား တိုးချဲ့တည်ဆောက်နေပြီး နယ်မြေအများစုကို ပိုင်ဆိုင်ကြောင်း ကြေညာထားပါတယ်။

Your browser doesn’t support HTML5

ကန်-ဂျပန် နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေး

[Unicode Version]




SEE ALSO: မြောက်ကိုရီးယား နဲ့ သံတမန်လမ်းကြောင်း ဖွင့်ထားဖို့ Biden အစိုးရကို ကျွမ်းကျင်သူတွေ တိုက်တွန်း 


