{{Zawgyi/Unicode}}
Australia နိုင်ငံအတွက် နျူကလီယား စွမ်းအင်သုံး ရေငုပ်သင်္ဘောဆောက်ဖို့ အမေရိကန် ဗြိတိန်တို့နဲ့ ရရှိခဲ့တဲ့သဘောတူညီချက်ဟာ ပြင်သစ်ရဲ့ Australia နဲ့ ရေငုပ်သင်္ဘောဆိုင်ရာ သဘောတူညီချက်ကို ထိခိုက်စေမယ့် သဘောရှိတာကြာင့် ပြင်သစ်က ဒေါသတကြီးဖြစ်နေချိန်မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြင်သစ်ဟာ အာရှဒေသအတွက် သိပ်ကို အရေးပါတဲ့လက်တွဲဖေါ်နိုင်ငံဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
"အင်ဒို- ပစိဖိတ်ဒေသမှာ အရေးပါတဲ့ ကဏ္ဍကနေ ဥရောပနိုင်ငံတွေ ပါဝင်လှုပ်ရှားမှုကို ကြိုဆိုပါတယ်။ ကျနော်တို့ဟာ ဒီဒေသတွင်းတခြားနိုင်ငံတွေ၊ အီးယူဥရောပသမဂ္ဂနဲ့ နေတိုးမဟာမိတ်အဖွဲ့နဲ့ အတူ ဆက်ပြီး အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာပါ။ အထူးသဖြင့် ပြင်သစ်ဟာ နှစ်ရှည်လများကြုံခဲ့ရတဲ့ ကိစ္စရပ်အများအပြားအတွက် အရေးအပါဆုံး လက်တွဲဖေါ်နိုင်ငံ ဖြစ်ပါတယ်။ ဒါ့အပြင် အင်ဒို- ပစိဖိတ်ဒေသနဲ့ ကမ္ဘာတလွှားက အတ္တလန်တိတ်သမုဒ္ဒရာ တဖက်တချက်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အခွင့်ရရင် ရသလို ပိုပြီး နက်နက်ရှိုင်းရှိုင်း လက်တွဲဆောင်ရွက်လိုတဲ့ ဆန္ဒရှိတယ်လို့ ပြောသွားတာပါ။
အမေရိကန်- ဗြိတိန်နဲ့ Australia ၃ နိုင်ငံခေါင်းဆောင်တွေကြား AUKUS လို့ အတိုကောက်ခေါ်တဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး သုံးနိုင်ငံ သဘောတူညီချက်ရပြီဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တာပါ။
ဒီဒေသတွင်း လက်ရှိနဲ့နောက်ဖြစ်လာမဲ့ မဟာဗျူဟာအခင်းအကျင်းကို ကိုင်တွယ်နိုင်ဖို့လိုအပ်သလို ဒါဟာ သုံးနိုင်ငံစလုံးရဲ့ အနာဂတ်နဲ့ ကမ္ဘာကြီးတခုလုံးရဲ့ ရှေ့ရေးဟာ လာမယ့်ဆယ်စုနှစ်တွေအတွင်း၊ ဒီ အင်ဒို-ပစိဖိတ်ဒေသထဲ လွတ်လပ်ပွင့်လင်းမူပေါ်မူတည်နေတာကြောင့် ဖြစ်ကြောင်းလည်း သမ္မတဘိုင်ဒန်က ပြောကြားခဲ့တာပါ။
အသစ်တည်ဆောက်မယ့် Australia ရဲ့ နျုကလီးယားစွမ်းအင်သုံး ရေငုပ်သဘောၤမှာ နျုကလီးယားလက်နက် တပ်ဆင်မှာတော့ မဟုတ်ဘူးလို့ ဒီ သုံးနိုင်ငံ ခေါင်းဆောင်တွေက ပြောပါတယ်။
ဒီ ၃ နိုင်ငံ သဘောတူညီချက် အတွက် တရုတ်နဲ့ ပြင်သစ်တို့က ဒေါသတကြီးနဲ့ တုန့်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။
......................................................
Your browser doesn’t support HTML5
{{Unicode}}