Bruno Mars ၂၀၁၈ Grammys ဆုအများအပြားရရှိ

နယူးယောက်မြို့မှာ တနင်္ဂနွေနေ့ညကကျင်းပတဲ့ အနှစ် ၆၀ မြောက် ဂရမ်မီ ဂီတဆုပေးပွဲမှာ Bruno Mars က အကောင်းဆုံး တေးဖန်တီးမှု၊ အကောင်းဆုံး တေးဓာတ်ပြားဆု နဲ့ အကောင်းဆုံး တေးသီချင်းဆုတွေကို ရရှိသွားပါတယ်။

R&B တေးဂီတ အမျိုးအစားမှာလည်း Mars ကပဲ အကောင်းဆုံး တေးဓာတ်ပြားဆု၊ အကောင်းဆုံး ဖျော်ဖြေမှုဆု နဲ့ အကောင်းဆုံး တေးသီချင်းဆုတွေကို ရရှိသွားပါတယ်။ ဒီနှစ် ဂရမ်မီ ဆုပေးပွဲ အခမ်းအနားကတော့ ထူးထူးခြားခြား တေးသီချင်းကောင်းတွေနဲ့ ဖျော်ဖြေရုံတင်မကဘဲ နိုင်ငံရေး ဖျော်ဖြေမှုတချို့လည်း ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Donald Trump နဲ့ယှဉ်ပြိုင် အရွေးခံခဲ့သူ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် က - ဝေဖန် အငြင်းပွားမှုတွေရှိနေတဲ့ Trump ရဲ့ သမ္မတသက်တမ်း ပထမတနှစ်တာ စွမ်းဆောင်ချက်တွေအကြောင်း ရေးသားထားတဲ့ Michael Wolff ရဲ့အရောင်းရဆုံး "Fire and Fury" စာအုပ်ထဲက စာသားတချို့ကို ကြိုတင် အသံသွင်း ရိုက်ကူးထားတာကို ဒီပွဲမှာ မထင်မှတ်ဘဲ ပြသလိုက်တာ ဖြစ်ပါတယ်။ မစ္စစ်ကလင်တန်နဲ့အတူ နာမည်ကျော်အဆိုတော် John Legend ၊ Cher ၊ Snoop Dogg ၊ Cardi B နဲ့ DJ Khaled တို့ကလည်း “Fire and Fury” စာအုပ်ထဲက စာသားတချို့ကို ဖတ်ပြခဲ့ကြပါတယ်။

Your browser doesn’t support HTML5

Bruno Mars ၂၀၁၈ Grammys ဆုအများအပြားရရှိ