တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအောက်မှာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း MNDAA ကိုးကန့်တပ်ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ ကြေညာချက်ကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြောပါတယ်။ မြန်မာနိုင်ငံအတွင်းက ဖြစ်ပေါ် တိုးတက်မှု အခြေအနေတွေကို သူတို့အနေနဲ့ စောင့်ကြည့်နေကြောင်း၊ သက်ဆိုင်သူအားလုံးက ညှိနှိုင်း အဖြေရှာကြဖို့ အစဉ်အမြဲတိုက်တွန်းနေကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်ဆိုင်းပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာကြဖို့၊ အကြမ်းဖက်မှုတွေကို အရှိန်လျှော့ကြဖို့ သတင်းထောက်တွေရဲ့ အမေးကို တရုတ်နိုင်ငံခြားရေးထာန ပြောခွင့်ရ Lin Jian က တုံ့ပြန်ခဲ့တာပါ။
အထူးသဖြင့်တော့ တရုတ်နယ်စပ် လုံခြုံရေးကို မထိခိုက်စေဖို့အပြင် မြန်မာနိုင်ငံအတွင်းမှာ ရှိနေကြတဲ့ တရုတ်နိုင်ငံသားတွေနဲ့ တရုတ်အကျိုးစီးပွားကို မထိခိုက်စေသင့်ကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းမှုရရှိရေးအတွက် တရုတ်နိုင်ငံက အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ကြောင်း Lin Jian က ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအောက်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့ကစလို့ တဖက်သတ် အပစ်အခတ်ရပ်စဲမယ်လို့ MNDAA ကိုးကန့်တပ်က မနေ့ ဒီဇင်ဘာ ၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
Your browser doesn’t support HTML5