ကိုဗစ္ေၾကာင့္ အိႏၵိယႏိုင္ငံ တရက္အတြင္း ေသဆံုးသူ ၁,၀၀၀ ေက်ာ္

အိႏၵိယႏိုင္ငံ Kolkata ၿမိဳ႕မွာ ပိုးသတ္ေဆးဖ်န္းေနတဲ့ ၀န္ထမ္းတဦး။ (ဓာတ္ပံု - Dibyangshu SARKAR / AFP - ၾသဂုတ္ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

အိႏိၵယနိုင္ငံမွာ COVID-19 ကပ္ေရာဂါႀကီး စတင္ျဖစ္ပြားကတည္းကဆိုရင္ ေရာဂါေၾကာင့္ေသဆံုးသူ တရက္အတြင္း လူ ၁,၀၀၀ ေက်ာ္နဲ႔ ေသဆံုးစာရင္း အမ်ားဆံုးစံခ်ိန္ျဖစ္ခဲ့ပါတယ္။

အိႏိၵယနိုင္ငံ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ဒီေန႔ တနလၤာေန႔ ညေနပို္င္းအထိ ေသဆံုးသူ COVID-19 အတည္ျပဳလူနာ ၁,၀၀၇ နဲ႔ စုစုေပါင္း ေသဆံုးသူ ၄၄,၀၀၀ ေက်ာ္႐ွိပါတယ္။ အတည္ျပဳလူနာကလည္း ၆ ရက္ဆက္တိုက္ အမ်ားဆံုးအျဖစ္ ဒီေန႔ ၆၂,၀၀၀ ေက်ာ္ပါတယ္။ အိႏိၵယ မွာ စုစုေပါင္း အတည္ျပဳလူနာက ၂,၀၀၀,၀၀၀ ေက်ာ္ျဖစ္ပါတယ္။

ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ Scott Morrison

Australia ႏိုင္ငံမွာလည္း ေသဆံုးသူ ၁၉ ေယာက္နဲ႔ တရက္ထဲေသဆံုးသူ အမ်ားဆံုးျဖစ္ခဲ့ပါတယ္။ ေရာဂါအဆိုးဆံုး ကူးစက္ေနတဲ့ ဝိတိုရိယျပည္နယ္မွာေတာ့ အတည္ျပဳလူနာသစ္အေရအတြက္ က်ဆင္းတာေတြ႔ရတယ္လို႔ ဝန္ႀကီးခ်ဳပ္ Scott Morrison ကေျပာပါတယ္။

တ႐ုတ္ႏိုင္ငံမွာေတာ့ ေလာေလာဆယ္ ကူးစက္သူအမ်ားဆံုး႐ွိေနတဲ့ အေနာက္ေျမာက္ပိုင္း ႐ွင္က်န္းေဒသမွာ ျပည္ပက ကူးစက္လာသူေတြ မဟုတ္ဘဲ ျပည္တြင္းမွာကူးစက္တဲ့ အတည္ျပဳလူနာသစ္ ၁၄ ေယာက္ ေတြ႔႐ွိတယ္လို႔ တ႐ုတ္က်န္းမာေရးတာဝန္႐ွိသူေတြကေျပာပါတယ္။

SEE ALSO: အိႏိၵယ COVID-19 ကူးစက္သူ ၂ သန္းေက်ာ္ၿပီ

ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕ေတာ္မွာ COVID-19 ေရာဂါကူးစက္သူေတြ ျပန္မ်ားလာေနတ့ဲအတြက္ ၿမိဳ႕ေတာ္ထဲက Seine ျမစ္ကမ္းတေလ ွ်ာက္ လူစည္ကားတဲ့ ေနရာေတြသြားရင္ ဒီေန႔ကစၿပီး တလ မျဖစ္မေန ႏွာေခါင္းစည္းတပ္ရမယ္လို႔ အမိန္႔ထုတ္ထားပါတယ္။

ဂ်ာမနီႏိုင္ငံမွာေတာ့ ဘာလင္ၿမိဳ႕ေတာ္က ေက်ာင္းေတြ ဒီေန႔ျပန္ဖြင့္ပါတယ္။ ေရာဂါမကူးေအာင္ ကာကြယ္တဲ့ တခ်ိန္ထဲမွာ ေက်ာင္းသားေတြရဲ႕ပညာေရး မထိခိုက္ေအာင္ ေဆာင္႐ြက္ရတာ စိန္ေခၚမႈေတြ႐ွိတယ္လို႔ ဂ်ာမန္ပညာေရးဝန္ႀကီး ကေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာလည္း ေက်ာင္းေတြျပန္ဖြင့္ေအာင္ သမၼတ Donald Trump ကဖိအားေပးေနေပမဲ့ ျပည္နယ္ေတာ္ေတာ္မ်ားမ်ားက ျပန္ဖြင့္ဖို႔ အဆင္သင့္ မျဖစ္ေသးဘူးလို႔ ေျပာၿပီး online သင္ၾကားေရးကို အာ႐ံုစိုက္ လုပ္ေနၾကပါတယ္။

Your browser doesn’t support HTML5

ကိုဗစ္ေၾကာင့္ အိႏၵိယႏိုင္ငံ တရက္အတြင္း ေသဆံုးသူ ၁,၀၀၀ ေက်ာ္

[Unicode Version]

ကိုဗစ်ကြောင့် အိန္ဒိယနိုင်ငံ တရက်အတွင်း သေဆုံးသူ ၁,၀၀၀ ကျော်

အိန္ဒိယနိုင်ငံမှာ COVID-19 ကပ်ရောဂါကြီး စတင်ဖြစ်ပွားကတည်းကဆိုရင် ရောဂါကြောင့်သေဆုံးသူ တရက်အတွင်း လူ ၁,၀၀၀ ကျော်နဲ့ သေဆုံးစာရင်း အများဆုံးစံချိန်ဖြစ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီနေ့ တနင်္လာနေ့ ညနေပိုင်းအထိ သေဆုံးသူ COVID-19 အတည်ပြုလူနာ ၁,၀၀၇ နဲ့ စုစုပေါင်း သေဆုံးသူ ၄၄,၀၀၀ ကျော်ရှိပါတယ်။ အတည်ပြုလူနာကလည်း ၆ ရက်ဆက်တိုက် အများဆုံးအဖြစ် ဒီနေ့ ၆၂,၀၀၀ ကျော်ပါတယ်။ အိန္ဒိယ မှာ စုစုပေါင်း အတည်ပြုလူနာက ၂,၀၀၀,၀၀၀ ကျော်ဖြစ်ပါတယ်။

Australia နိုင်ငံမှာလည်း သေဆုံးသူ ၁၉ ယောက်နဲ့ တရက်ထဲသေဆုံးသူ အများဆုံးဖြစ်ခဲ့ပါတယ်။ ရောဂါအဆိုးဆုံး ကူးစက်နေတဲ့ ဝိတိုရိယပြည်နယ်မှာတော့ အတည်ပြုလူနာသစ်အရေအတွက် ကျဆင်းတာတွေ့ရတယ်လို့ ဝန်ကြီးချုပ် Scott Morrison ကပြောပါတယ်။

တရုတ်နိုင်ငံမှာတော့ လောလောဆယ် ကူးစက်သူအများဆုံးရှိနေတဲ့ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသမှာ ပြည်ပက ကူးစက်လာသူတွေ မဟုတ်ဘဲ ပြည်တွင်းမှာကူးစက်တဲ့ အတည်ပြုလူနာသစ် ၁၄ ယောက် တွေ့ရှိတယ်လို့ တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေကပြောပါတယ်။

ပြင်သစ်နိုင်ငံပါရီမြို့တော်မှာ COVID-19 ရောဂါကူးစက်သူတွေ ပြန်များလာနေတဲ့အတွက် မြို့တော်ထဲက Seine မြစ်ကမ်းတလေ ျှာက် လူစည်ကားတဲ့ နေရာတွေသွားရင် ဒီနေ့ကစပြီး တလ မဖြစ်မနေ နှာခေါင်းစည်းတပ်ရမယ်လို့ အမိန့်ထုတ်ထားပါတယ်။

ဂျာမနီနိုင်ငံမှာတော့ ဘာလင်မြို့တော်က ကျောင်းတွေ ဒီနေ့ပြန်ဖွင့်ပါတယ်။ ရောဂါမကူးအောင် ကာကွယ်တဲ့ တချိန်ထဲမှာ ကျောင်းသားတွေရဲ့ပညာရေး မထိခိုက်အောင် ဆောင်ရွက်ရတာ စိန်ခေါ်မှုတွေရှိတယ်လို့ ဂျာမန်ပညာရေးဝန်ကြီး ကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလည်း ကျောင်းတွေပြန်ဖွင့်အောင် သမ္မတ Donald Trump ကဖိအားပေးနေပေမဲ့ ပြည်နယ်တော်တော်များများက ပြန်ဖွင့်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောပြီး online သင်ကြားရေးကို အာရုံစိုက် လုပ်နေကြပါတယ်။