ကိုဗစ်အန္တရာယ် လျှော့မတွက်ဖို့ ကန်ပညာရှင်သတိပေး

ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းပညာရှင် ဒေါက်တာ Anthony Fauci

[Zawgyi/Unicode]

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် လျော့လာပြီဆိုပြီး စိတ်အေးလက်အေး ရှိမနေကြဖို့ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းပညာရှင် ဒေါက်တာ Anthony Fauci က အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။

အမေရိကန် ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းပညာရှင် ဒေါက်တာ Anthony Fauci

"သေဆုံးသူအရေအတွက် လျော့လာတာကြောင့် စိတ်ချလက်ချ နေလို့ရပြီဆိုတာက လွဲမှားတဲ့ပြောဆိုချက်ပါပဲ။ ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သိပ်ကိုအန္တရာယ်ကြီးပြီးတော့ ဆိုးရွားတဲ့ တခြားကိစ္စတွေ အများကြီးရှိပါတယ်။ အယူလွဲပြီး စိတ်အေးလက်အေး မနေကြပါနဲ့။" လို့ ဒေါက်တာ Fauci ကပြောပါတယ်။

အမေရိကန်အထက်လွှတ်တော်အမတ် Doug Jones နဲ့ ဖေ့စ်ဘုတ်ကနေ တိုက်ရိုက်လွှင့်တဲ့ အမေးအဖြေ အစီအစဉ်တခုအတွင်း ဒေါက်တာ Fauci က အဲဒီလိုပြောသွားတာပါ။

အမေရိကန်မှာ COVID-19 ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ ဒီကနေ့အထိဆိုရင် ၁၃၀,၀၀၀ ကျော်ရှိပြီလို့ Johns Hopkins တက္ကသိုလ်က ပြုစုနေတဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။

SEE ALSO: ကမ္ဘာတဝန်း ကိုဗစ်ကူးစက်သူ ၁၁ သန်းကျော်လာ

"သေဆုံးသူအရေအတွက်ဟာ ၁၀ ဆ လျော့သွားပြီ။" ဆိုပြီး သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က Twitter မှာ အင်္ဂါနေ့ညက ရေးခဲ့တာပါ။ ဒါပေမဲ့ ဒေါက်တာ Fauci ကတော့ အမေရိကန်မှာ ဒီကပ်ရောဂါဟာ ပထမလှိုင်းအဆင့်မှာ ဆိုးရွားနေဆဲပဲလို့ ဒီသီတင်းပတ်အစောပိုင်းကပဲ သတိပေးထားပါသေးတယ်။

အမေရိကန်တနိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက် ၃,၀၀၀,၀၀၀ ကျော်သွားပြီဖြစ်ပြီး တကမ္ဘာလုံးအနေနဲ့ဆိုရင်တော့ ကူးစက်သူ ၁၂ သန်းနီးပါးနဲ့ သေဆုံးသူက ၅၄၀,၀၀၀ ကျော်နေပြီဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကိုဗစ်အန္တရာယ် လျှော့မတွက်ဖို့ ကန်ပညာရှင်သတိပေး

[Unicode Version]



"သဆေုံးသူအရအေတှကျ လြော့လာတာကွောင့ျ စိတျခလြကျခြ နလေို့ရပွီဆိုတာက လှဲမှားတဲ့ပွောဆိုခကြျပါပဲ။ ဒီဗိုငျးရပျဈနဲ့ ပတျသကျပွီး သိပျကိုအန်တရာယျကွီးပွီးတော့ ဆိုးရှားတဲ့ တခွားကိစ်စတှေ အမြားကွီးရှိပါတယျ။ အယူလှဲပွီး စိတျအေးလကျအေး မနကွေပါနဲ့။" လို့ ဒေါကျတာ Fauci ကပွောပါတယျ။

SEE ALSO: ဘရာဇီးသမ္မတ COVID-19 ကူးစက်ခံရ



သမ်မတ ဒေါျနယျလျဒျ ထရမ့ျပျက

