ကပ်ဘေးကန့်သတ်ချက်နဲ့ Hajj ဝတ်ပြုခရီးစဉ်စတင်

အစ္စလာမ်ဘာသာဝင်တွေရဲ့ Hajj ပွဲတော်အတွက် ဆော်ဒီအာရေဗျနိုင်ငံ Mecca မြို့ကို လာရောက်ကြတဲ့ ဘုရားဖူးအဖွဲ့များကို တွေ့ရ။ (ဇူလိုင် ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ဆက်ပြီးဖြစ်ပွားနေတဲ့ ကြားကပဲ အစ္စလာမ်ဘာသာဝင်တွေရဲ့ Hajj ပွဲတော်အတွက် ဒီကနေ့ Mecca မြို့ကို ဘုရားဖူးအဖွဲ့တွေ စတင်လာရောက်နေကြပါတယ်။

ခါတိုင်းနှစ်တွေတုန်းက တကမ္ဘာလုံးက ဘုရားဖူး ၂,၀၀၀,၀၀၀ လောက် ဒီနေရာကို လာရောက်လေ့ရှိတာပါ။

အစ္စလာမ်ဘာသာဝင်တွေရဲ့ Hajj ပွဲတော်အတွက် ဆော်ဒီအာရေဗျနိုင်ငံ Mecca မြို့ကို လာရောက်ကြတဲ့ ဘုရားဖူးအဖွဲ့များကို တွေ့ရ။ (ဇူလိုင် ၂၉၊ ၂၀၂၀)

ဒီနှစ်မှာတော့ ကပ်ရောဂါ ဂယက်ကြောင့် နိုင်ငံတကာခရီးသွားတွေကို ဆော်ဒီအာရေဗျနိုင်ငံကတားမြစ်ထားပြီး လူ ၁,၀၀၀ လောက်ပဲ ပွဲတော်ကို တက်ရောက်ဖို့ ကန့်သတ်ထားပါတယ်။ ဒီအထဲမှာ ဆော်ဒီနိုင်ငံသားတွေနဲ့ အရင်သီတင်းပတ်တွေတုန်းက ကြိုတင်ရွေးချယ်ထားသူ ဒေသခံတချို့ကိုပဲတက်ရောက်ခွင့်ပြုတာပါ။

ဘုရားဖူးအဖွဲ့တွေက အသက် ၂၀ က ၅၀ ကြားရှိသူတွေဖြစ်ပြီး Mecca မြို့ကို မသွားခင် COVID-19 ကင်းရှင်းကြောင်း စစ်ဆေးခံရပြီး Hajj ပွဲတော် မတိုင်ခင် သီးခြားစောင့်ကြည့်ဖို့ စီစဉ်ထားတဲ့ ဟိုတယ်တွေမှာ နေရမှာဖြစ်ပါတယ်။ ပွဲတော်တွင်းလူချင်းချဲ စည်းကမ်းသတ်မှတ်ချက်တွေ လိုက်နာရမှာလည်းဖြစ်ပါတယ်။ ၅ ရက်ပွဲတော်ကာလပြီးရင်လည်း သူတို့ကို ၁ ပတ် သီးခြားစောင့်ကြည့်ကာလ သတ်မှတ်ထားပါတယ်။

ဆော်ဒီအာရေဗျမှာ COVID-19 ကူးစက်သူ ၂၇၀,၀၀၀ နဲ့ သေဆုံးသူ ၂,၈၀၀ နီးပါးရှိပါတယ်။

Your browser doesn’t support HTML5

ကပ်ဘေးကန့်သတ်ချက်နဲ့ Hajj ဝတ်ပြုခရီးစဉ်စတင်

[Unicode Version]





အစ္စလာမ်ဘာသာဝင်တွေရဲ့ Hajj ပွဲတော်အတွက် ဆော်ဒီအာရေဗျနိုင်ငံ Mecca မြို့ကို လာရောက်ကြတဲ့ ဘုရားဖူးအဖွဲ့များကို တွေ့ရ။ (ဇူလိုင် ၂၉၊ ၂၀၂၀)

