ကိုရိုနာဗိုင်းရပ်စ် ပျောက်သွားအောင် လုပ်နိုင်မှာမဟုတ် - ဒေါက်တာ Fauci

COVID 19 ကူးစက်ခံရသူတဦးကို လူနာတင်ယာဉ်ပေါ် သယ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများကို ဗီယက်နမ်နိုင်ငံ Da Nang မြို့မှာ တွေ့ရ ။ (သြဂုတ် ၀၄၊ ၂၀၂၀)

[Zawgyi/Unicode]

ကမ္ဘာနဲ့တဝန်း လူပေါင်း ၁၈.၈ သန်းကို ကူးစက်ခဲ့ပြီးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ပျောက်ကွယ်သွားအောင် ကမ္ဘာ့နိုင်ငံတွေ ဘယ်တော့မှ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းပညာရှင် Dr. Anthony Fauci က ပြောပါတယ်။

ဗိုင်းရပ်စ်ရဲ့ ကူးစက်လွယ်လွန်းတဲ့ သဘာဝကြောင့် ဒီဗိုင်းရပ်စ် ကမ္ဘာပေါ်က ပျောက်ကွယ်သွားဖို့ မရှိဘူးလို့ သူကပြောပါတယ်။ ဒါပေမဲ့ ထိရောက်တဲ့ ကာကွယ်ဆေးနဲ့ လူထုကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဒီဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်တယ်လို့ ပြောပြီး လာမယ့်နှစ်ထဲ ကာကွယ်ဆေးရဖို့ အကောင်းမြင်မိတယ်လို့လည်း သူက ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းပညာရှင် Dr. Anthony Fauci

"ရှေ့နှစ်အစောပိုင်းမှာ ကာကွယ်ဆေးအရေအတွက် ၁၀ သန်းထက်မနည်း ရကောင်းရနိုင်ပါတယ်။ ၂၀၂၁ ခုနှစ်ထဲ တော်တော်လေး ရောက်တဲ့အချိန်မှာတော့ သန်းရာနဲ့ချီတဲ့ ကာကွယ်ဆေးနဲ့ နောက်ပိုင်း ဘီလီယံနဲ့ချီတဲ့ဆေးတွေ ရနိုင်မယ်လို့ ဆေးကုမ္ပဏီတွေက ပြောပါတယ်။" လို့ ရိုက်တာသတင်းဌာနနဲ့ သီးခြားတွေ့ဆုံမေးမြန်းခန်းအတွင်း Dr. Fauci က ပြောပါတယ်။

ကာကွယ်ဆေးနဲ့ ပတ်သက်လို့ Dr. Fauci ရဲ့ ပြောကြားချက်ဟာ အမေရိကန် အခြေစိုက် ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်တဲ့ Johnson and Johnson က အမေရိကန် အစိုးရအတွက် ကာကွယ်ထိုးဆေး သန်း ၁၀၀ ထုတ်လုပ်ပေးဖို့ သဘောတူညီကြောင်း ကြေညာချက် ထုတ်ပြန်ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

သဘောတူညီချက်အရ နောက်ပိုင်းမှာ ကာကွယ်ဆေး ဘီလီယံနဲ့ချီ ထုတ်လုပ်ပေးဖို့ ရှိပါတယ်။ Johnson and Johnson ကုမ္ပဏီဟာ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးကို လူတွေနဲ့စမ်းသပ်တဲ့ နောက်ဆုံးအဆင့်ကို စက်တင်ဘာလထဲ ပြုလုပ်ဖို့ ရှိပါတယ်။ ကာကွယ်ဆေး တတိယ အဆင့်စမ်းသပ်မှုတွေလုပ်နေတဲ့ တခြား အမေရိကန် ဆေးဝါး ကုမ္ပဏီကြီး ၃ ခုကတော့ NOVAVAX၊ ဂျာမနီက BIONTECH နဲ့ပူးတွဲ စမ်းသပ်နေတဲ့ PFIZER နဲ့ MODERNA ကုမ္ပဏီတွေ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကိုရိုနာဗိုင်းရပ်စ် ပျောက်သွားအောင် လုပ်နိုင်မှာမဟုတ် - ဒေါက်တာ Fauci

[Unicode Version]



အမေရိကန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းပညာရှင် Dr. Anthony Fauci



SEE ALSO: ကိုဗစ်ကာကွယ်ဆေး ကန် မှာ မကြာခင်လပိုင်းအတွင်း ရနိုင်မည်- Dr. Anthony Fauci

