ကမ္ဘာတလွှား နိုင်ငံပေါင်း ၈၉ နိုင်ငံမှာ Omicron ကူးစက်နေ (WHO)

နယူးယောက်မြို့မှာ ကိုဗစ်စစ်ဆေးဖို့ တန်းစီစောင့်ဆိုင်းနေသူများ။ (ဒီဇင်ဘာ ၁၆၊ ၂၀၂၁)

(Zawgyi / Unicode)

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ အိုမီခရွန်ကို နိုင်ငံပေါင်း ၈၉ နိုင်ငံမှာ တွေ့ရှိနေရပြီ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က စနေနေ့မှာ ပြောပါတယ်။

ပြည်ပကနေ အိုမီခရွန် ကူးစက်လာသူတွေတင် မဟုတ်ဘဲ ပြည်တွင်းမှာပဲ ကူးစက်မှုရှိနေတဲ့ နိုင်ငံတွေမှာ အိုမီခရွန်မျိုးကွဲနဲ့ ပတ်သက်တဲ့ COVID-19 ရောဂါ ဖြစ်ပွားမှုဟာဆိုရင်လည်း တရက်ခွဲကနေ ၃ ရက်တာအတွင်း ၂ ဆ ဖြစ်လာနေတယ်လို့လည်း WHO က စနေနေ့မှာ ပြောပါတယ်။

ဒယ်လ်တာမျိုးကွဲထက် အိုမီခရွန် တိုးပွားမှုက များလာတာကြောင့် ဒါဟာဆိုရင် မကြာခင်မှာ ဒယ်လ်တာမျိုးကွဲကို လွှမ်းမိုးသွားပြီး အဓိကမျိုးကွဲ ဖြစ်လာမယ့် အနေအထားလို့လည်း WHO က ပြောပါတယ်။

အိုမီခရွန် ကူးစက်မှုတွေ အလျင်အမြန် တိုးပွားလာမှုဟာဆိုရင် ခန္ဓာကိုယ်တွင်း ကိုယ်ခံစွမ်းအားကို ရှောင်ရှားနိုင်တာကြောင့်လား ဒါမှမဟုတ်လည်း အရင်မျိုးကွဲတွေထက် ပိုပြီး ကူးစက်မှု မြန်နေတာလား ဒါမှဟုတ်လည်း နှစ်မျိုးစလုံး ပေါင်းသွားတာကြောင့်လား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း WHO က ပြောပါတယ်။

လက်ရှိ COVID-19 ကာကွယ်ဆေးတွေက အိုမီခရွန် မျိုးကွဲအတွက် ထိရောက်မှုရှိလား ဆိုတာ အပါအဝင် အိုမီခရွန်မျိုးကွဲနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ အချက်တွေလည်း ရှိနေပါတယ်။

အိုမီခရွန်မျိုးကွဲကြောင့် COVID-19 ရောဂါ ဖြစ်ရတဲ့ လူနာတွေရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီးလည်း ခိုင်မာတဲ့ အချက်အလက်တွေ မရှိသေးကြောင်း WHO က ပြောပါတယ်။

Your browser doesn’t support HTML5

ကမ္ဘာတလွှား နိုင်ငံပေါင်း ၈၉ နိုင်ငံမှာ Omicron ကူးစက်နေ (WHO)

-------------------

(Unicode)






