သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Omicron ကိုဗစ်ပိုး ကူးစက်မှု ကမ္ဘာတလွှား မြင့်မားလာ


Omicron ကိုဗစ်ပိုး ကူးစက်မှု ကမ္ဘာတလွှား မြင့်မားလာ

{{Zawgyi/Unicode}}

ကမ္ဘာတလွှားမှာ ကူးစက်မြန်ဗီဇပြောင်း Omicron ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်ကူးစက်မှု တိုးလာနေပါတယ်။

ဒိန်းမတ်နိုင်ငံမှာ Omicron ကိုဗစ်ပိုးသစ်ကူးစက်မှုပြင်းထန်လာနေတဲ့အတွက် သွားလာမှုကန့် သတ်ချက် lockdown ပြန်လည်ချမှတ်ဖို့ပြင်ဆင်နေကြောင်း ဝန်ကြီးချုပ် Mette Frederiksen ကသတင်းထောက်တွေကိုပြောဆိုပါတယ်။

ဒါပေမယ့် လွှတ်တော်ရဲ့အတည်ပြုချက်ရယူရဦးမယ်လို့ဆိုပါတယ်။ ဒီကန့်သတ်မှုတွေထဲမှာ ဈေးဆိုင်တွေထဲမှာ လူစုလူဝေး အရေအတွက်ကန့်သတ်ချက်၊ ရုပ်ရှင်ရုံတွေနဲ့ပြဇတ်ရုံတွေပိတ်ဖို့၊ အစည်းအဝေးခန်းမတွေပိတ်ဖို့ အပါအဝင် လူသွားလူလာများတဲ့နေရာတွေမှာ မျက်နှာဖုံးမတပ် မနေရပြဌာန်းဖို့တွေပါဝင်ပါတယ်။

ဒီန်းမတ်နိုင်ငံမှာ ပြီးခဲ့တဲ့သောကြာနေ့ ၁ ရက်ထဲမှာတင် Omicron ကူးဆက်ခံရသူ ၁ သောင်း ၁ ထောင်ကျော်ရှိပါတယ်။ကူးဆက်မြန်ပြီး၊နေ့စဉ် ကိုဗစ်လူနာ ၅ ဦးမှာ ၁ ဦးက Omicron ကူးဆက်ခံရသူဖြစ်ပါတယ်။

တချိန်ထဲမှာဘဲ အိုင်ယာလန်နဲ့ ဂျာမဏီအစိုးရတွေကလည်း ခရစ်စမတ်ပွဲတော်မတိုင်မှီ သွားလာမှုကန့်သတ်တာတွေကိုပြန်လည်ချမှတ်ဖို့စဉ်းစားနေပါတယ်။ ပြင်သစ်နိုင်ငံကတော့ Omicron ကူးဆက်မှုတွေမြင့်တက်နေတဲ့ ဗြိတိန်နိုင်ငံ အသွားအလာ တွေကိုကန့်သတ်လိုက် ပါတယ်။

ဂျာမဏီနိုင်ငံကတည်း ဗြိတိန်ကလာတဲ့ ခရီးသွားတွေပေါ်ကန့်သတ်မှုတွေပြုလုပ်ဖို့ သောကြာနေ မှာကြေညာဖို့အစီအစဉ်ရှိပါတယ်။ ဗြိတိန်ကလာသူတွေကို ၂ ပတ်သီးသန့်ခွဲထားတာတွေ ပြဌာန်းဖို့ရှိပါတယ်။ Omicron ကြောင့်ကိုဗစ် ပဉ္စမလှိုင်းဖြစ်လာနိုင်တယ်လို့ ဂျာမန် ကျမ်းမာရေးဝန်ကြီး Karl Lauterbach က သောကြာနေ့မှာသတိပေးပါတယ်။

ပေါ်တူဂီနိုင်ငံမှာလည်း Omicron ကူးဆက်မှုဟာ ၂ ရက်မှာနှစ်ဆတိုးလာပြီး၊ ကူးဆက်ခံရမှု အသစ်အားလုံးရဲ့ ၈၀ ရာနှုန်းဖြစ်လာတယ်လို့သောကြာနေ့က ကျန်းမာရေးဝန်ကြီးဌာနက သတိပေးပြေကြားထားပါတယ်။

...............................................

တိုက်ရိုက် လင့်ခ်

Omicron ကိုဗဈပိုး ကူးစကျမှု ကမ်ဘာတလှှား မွင့ျမားလာ
{{Unicode}}







XS
SM
MD
LG