မရှိမဖြစ်ဆေးဝါးတွေ အမေရိကန်ကုမ္ပဏီထုတ်ပဲဝယ်ဖို့ သမ္မထရမ့်ပ် အမိန့်ထုတ်

အမေရိကန်သမ္မတ Donald Trump

[Zawgyi/Unicode]

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို အလူးအလဲရင်ဆိုင်နေရချိန်မှာပဲ မရှိအဖြစ်လိုအပ်တယ်ဆိုတဲ့ ဆေးဝါးတွေကို ပြည်ပကနေ ဝယ်ယူမယ့်အစား အမေရိကန်ဆေးကုမ္ပဏီတွေဆီကပဲ ဝယ်ယူရမယ်လို့ သမ္မတ Donald Trump အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် သမ္မတ Donald Trump

ကူးစက်ရောဂါတွေ၊ ဓာတုဇီဝလက်နက်တွေ၊ နျူကလီးယား ခြိမ်းခြောက်မှုတွေအပြင် ကပ်ရောဂါဘေးအန္တရာယ်တွေကနေ အမေရိကန်ပြည်သူပြည်သားတွေ၊ အရေးပါတဲ့ အဆောက်အအုံတွေ၊ စစ်အင်အားတွေနဲ့ စီးပွါးရေးလုပ်ငန်းတွေကို ကာကွယ်ဖို့ နိုင်ငံမှာတာဝန်ရှိတယ်လို့ သမ္မတအမိန့်မှာ ဖော်ပြထားပါတယ်။ ကပ်ရောဂါခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ မရှိမဖြစ်လိုအပ်တဲ့ဆေးဝါးနဲ့ အခြားလိုအပ်ချက်တွေအတွက် ပြည်ပနိုင်ငံတွေကို သိပ်အားမကိုးရဘဲ ဆေးဝါးတွေပြတ်လပ်မှု သိပ်မရှိအောင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းကဏ္ဍ အားကောင်းဖို့ သိပ်အရေးကြီးတယ်လို့လည်း ဖော်ပြထားတာပါ။

SEE ALSO: COVID-19 ထိန်းချုပ်နိုင်ရေး ကျန်းမာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ WHO တိုက်တွန်း

အစိုးရတာဝန်ရှိသူတွေပြုစုမယ့် ဆေးစာရင်းတွေကို တရုတ်လိုပြည်ပနိုင်ငံတွေက မဝယ်ဘဲ အမေရိကန်ဆေးကုမ္ပဏီတွေဆီက ဝယ်ယူဖို့ သမ္မတအမိန့်မှာ ဖော်ပြထားတယ်လို့လည်း သမ္မတအိမ်ဖြူတော် ကုန်သွယ်ရေးအကြံပေး Peter Navarro ကပြောပါတယ်။

ခုလိုကပ်ရောဂါနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ မရှိမဖြစ်လိုအပ်တဲ့ နှာခေါင်းစည်း၊ လက်အိတ်၊ မျက်လုံးကာတွေနဲ့ အသက်ရှုကူစက်လို ဆေးပစ္စည်းကိရိယာတွေအတွက် ပြည်ပကုမ္ပဏီတွေကို လုံး၀ အားကိုးနေရတယ်လို့လည်း Navarro ကပြောပါတယ်။ သမ္မတအမိန့်ကြောင့် ပြည်တွင်းနည်းပညာတိုးတက်ပြီး ဆေးဖိုး သက်သာလာမယ်လို့ လည်းပြောပါတယ်။ ဒါပေမယ့်လည်း ဒီအမိန့်ကြောင့် COVID-19 ကာကွယ်ဆေးထုတ်လုပ်ဖို့ အဟန့်အတားတွေ ပိုပြီးပေါ်လာစေတယ်လို့ အမေရိကန်ဆေးသုတေသနဌာနကပြောပါတယ်။

Your browser doesn’t support HTML5

မရှိမဖြစ်ဆေးဝါးတွေ အမေရိကန်ကုမ္ပဏီထုတ်ပဲဝယ်ဖို့ သမ္မထရမ့်ပ် အမိန့်ထုတ်

[Unicode Version]

မရှိမဖွဈဆေးဝါးတှေ အမရေိကနျကုမ်ပဏီထုတျပဲဝယျဖို့ သမ်မထရမ့ျပျ အမိန့ျထုတျ


SEE ALSO: အိန္ဒိယ COVID-19 ကူးစက်သူ ၂ သန်းကျော်ပြီ



သမ္မတအိမ်ဖြူတော် ကုန်သွယ်ရေးအကြံပေး Peter Navarro
