[Zawgyi/Unicode]
တနှစ်ခွဲကြာ ကမ္ဘာတဝှမ်းလုံး ရင်ဆိုင်နေရတဲ့ COVID-19 ကပ်ရောဂါကို အဆုံးသတ်နို်င်အောင် ကာကွယ်ဆေးတန်းတူဖြန့်ဖြူးရေး အစီအစဉ်တွေ အရှိန်မြင့်ဆောင်ရွက်နိုင်ဖို့ ဝိုင်းဝန်းကူညီကြပါဆိုပြီး သြဇာကြီးတဲ့ ဘဏ္ဍာရေး၊ ကျန်းမာရေးနဲ့ ကုန်သွယ်ရေးအဖွဲ့အစည်းခေါင်းဆောင်တွေက အစိုးရတွေကို တိုက်တွန်းလိုက်ကြပါတယ်။
"ကပ်ရောဂါနှစ်ဆတိုးရင် စီးပွါးရေးပြန်လည်နာလန်ထူဖို့ နိုင်ငံအားလုံး နှစ်ဆလုပ်ကိုင်ရတဲ့အတွက် ကျမတို့သိပ်ကို စိုးရိမ်ပါတယ်။ IMF ရဲ့ စာရင်းဇယားတွေအရ ကမ္ဘာ့ကုန်ထုတ်လုပ်မှုအားကောင်းလာအောင် အထိရောက်ဆုံးလုပ်နိုင်ဖို့ဆိုတာ ကာကွယ်ဆေး အပေါ်မှာမူတည်နေပါတယ်။ ကာကွယ်ဆေးဆိုင်ရာမူဝါဒဟာ စီးပွါးရေးဆိုင်ရာမူဝါဒဖြစ်ပါတယ်။" လို့ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ IMF စီမံရေးရာဌာန ညွှန်ကြားရေးမှူး Kristalina Georgieva ကပြောသွားပါတယ်။
SEE ALSO: ကပ်ဘေးလွန်စီးပွားရေး ကြိုးပမ်းမှု ပတ်ဝန်းကျင်ထိခိုက်မှုနည်းစေဖို့ သဘောတူဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေအပါအဝင် တကမ္ဘာလုံးကို ကာကွယ်ဆေး အလျင်အမြန် ဖြန့်ဖြူးမယ့်အစီအစဉ်အတွက် ဒေါ်လာဘီလီယံ ၅၀ အရေးပေါ်လိုအပ်နေတာပါ။ ဒီကိစ္စကို သက်ဆိုင်ရာ အစိုးရတွေ ချက်ချင်းတုံ့ပြန်ဆောင်ရွက်တာတွေ မလုပ်ရင် ကိုဗစ်ကပ်ရောဂါကူးစက်မှုလှိုင်းနဲ့ ဆက်ပြီးရင်ဆိုင်နေရမှာဖြစ်တဲ့အတွက် ဗီဇပြောင်း ကိုဗစ်ပိုးကြောင့် ကမ္ဘာ့စီးပွါးရေးပြန်လည်နာလန်ထူရေးမှာ သက်ရောက်မှုရှိလိမ့်မယ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွ့ဲ WTO ကမ္ဘာ့ဘဏ်အုပ်စု WBG ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ IMF တို့က ပူးပေါင်းထုတ်ပြန်ချက်ခဲ့ကြပါတယ်။
ကာကွယ်ဆေးကသာ ကပ်ရောဂါသံသရာကို အဆုံးသတ်နိုင်လိမ့်မယ်လို့လည်း WHO ကပြောပါတယ်။ ပြည်သူ့ကျန်းမာရေးအတွက် ကာကွယ်ဆေး၊ အောက်ဆီဂျင်၊ စမ်းသပ်စစ်ဆေးမှုနဲ့ ကုသရေးပိုင်းမှာလည်း အစိုးရအဖွဲ့တွေ ရင်းနှီးမြှုပ်နှံကြဖို့လည်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာကျင်းပတဲ့ WHO ညီလာခံကနေ IMF၊ WTO၊ WBG နဲ့ WHO ခေါင်းဆောင်တွေက ကြေငြာချက်ထုတ် တိုက်တွန်းထားကြပါတယ်။
Your browser doesn’t support HTML5
[Unicode Version]