Pfizer ထုတ် ကိုဗစ်ကာကွယ်ဆေး ဗြိတိန်မှာထိုးဖို့ စီစဉ်ထားပုံနဲ့ သတိထားစရာ

Pfizer နဲ့ BioNTec ဆေးကုမ္ပဏီ တံဆိပ်နောက်ခံနဲ့ ဆေးထိုးအပ်များ။ (နိုဝင်ဘာ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

ဗြိတိန်နိုင်ငံမှာ Pfizer ဆေးလုပ်ငန်းကြီးက ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ရှေ့သီတင်းပတ် အင်္ဂါနေ့ကစပြီး သတ်မှတ်ထားသူတွေကို အဆင့်ဆင့် ဆေးထိုးပေးတော့မှာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ဆေးနဲ့ ဆေးဝါးပစ္စည်း ကြီးကြပ်ရေးဌာန (MHRA) ရဲ့ အကြံပြုချက်နဲ့ Pfizer နဲ့ BioNTech စမ်းသပ်ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို ဗြိတိန်အစိုးရက ခွင့်ပြုလိုက်ပြီးနောက်မှာ ခုလို ကိုဗစ်ကာကွယ်ဆေးတွေကို စတင်ထိုးတော့မှာပါ။ ကိုဗစ်ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံမှာ ပထမဆုံး စတင် အသုံးပြုတော့မှာနဲ့ပတ်သက်လို့ ဗြိတိန်နိုင်ငံ Leeds မြို့ က သမားတော်ကြီး ဒေါက်တာသက်ကိုကိုကို မစုမြတ်မွန်က ဆက်သွယ်မေးထားပါတယ်။

ပထမဆုံး ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ NHS က ဆရာဝန်တွေကို ဘယ်လို ညွှန်ကြားချက်တွေ ထုတ်ပြန်ထားသလဲဆိုတာကို ဒေါက်တာသက်ကိုကိုက ခုလိုစဖြေပါတယ်။

ဒေါက်တာ သက်ကိုကို။ ။ MHRA ပေါ့နော်... အမေရိကမှာတော့ FDA နဲ့ equivalent ဖြစ်တဲ့ body တခုပေါ့ ဒီကနေပြီးတော့ ခွင့်ပြုလိုက်ပါတယ်။ အဂါၤနေ့ကို စထိုးပါလိမ့်မယ်။ စထိုးမှာတော့ ဘယ်လိုထိုးမလဲဆိုတော့နော်... ဘိုးဘွားရိပ်သာပေါ့နော် ဒီမှာတော့ nursing home ၊ care home လို့ ခေါ်တယ်။ ဘိုးဘွားရိပ်သာမှာနေတဲ့ အဘိုး၊ အဘွားတွေရယ်၊ ပြီးလို့ရှိရင် အဲ့ဒီ care home တွေမှာ အလုပ်လုပ်တဲ့ carer တွေ၊ ဝန်ထမ်းတွေ၊ nurse တွေ ... သူတို့တွေနဲ့ စထိုးမယ်။ ပြီးလို့ရှိရင် ဒုတိယအသုတ်အနေနဲ့ ကျနော်တို့တွေပေါ့နော်... NHS နဲ့ ဒီမှာတော့ social service လို့ခေါ်ပါတယ်။ လူမှုဝန်ထမ်းအဖွဲ့အစည်းတွေနဲ့ သူတို့တွေကို ဒုတိယအသုတ်အနေနဲ့ ထိုးပါမယ်။

SEE ALSO: COVID-19 ကာကွယ်ဆေး အမြန်ဆုံးအတည်ပြုရေး Moderna ကြိုးပမ်းနေ

ပြီးရင် အဲဒီလူတွေနဲ့အတူတူ အသက် ၈၀ နဲ့ အထက်ပေါ့နော်... မိမိအိမ်မှာ မိမိ နေထိုင်တဲ့ အဘိုး၊ အဘွားတွေ အကုန်ပါပါ့မယ်။ ထိုးမယ်။ ပြီးလို့ရှိရင် တဆင့်ချင်းပေါ့နော်... နောက်တဆင့်က အသက် ၇၅ နဲ့ အထက်ရယ်၊ ရောဂါအခံရှိတဲ့သူတွေကို ဦးစားပေးမယ်။ ပြီးရင် နောက် ၇၀ ပေါ့ အဲ့ဒီလိုသွားမယ်။ သူတို့ သတ်မှတ်ထားတာတော့ နောက်အပတ်ကို လူ ၈၀၀,၀၀၀ လောက် ရအောင်ထိုးမယ်လို့ ပြောပါတယ်။ ပြီးလို့ရှိရင် ဒီ နှစ်မကုန်ခင်မှာတော့ ၄,၀၀၀,၀၀၀ တော့ အနည်းဆုံး ပြီးအောင်ထိုးမယ်လို့ သူတို့ ပြောပါတယ်။ ပြီးလို့ရှိရင်တော့ ဖြည်းဖြည်းချင်းပေါ့နော်... သတ်မှတ်ထားတာတော့ အသက် ၅၀ အထက်လောက် ကို ဖေဖော်ဝါရီလကုန်လောက်ကို အပြီးထိုးမယ်လို့ ခန့်မှန်းထားပါတယ်တဲ့။ ပြီးလို့ရှိရင် ဒီ summer ... နွေရာသီရောက်လို့ရှိရင် တနိုင်ငံလုံးအပြီး ထိုးမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့လည်း ထုံးစံအတိုင်းပဲ အစိုးရက လုပ်ထားပေမယ့် တခါတလေကျတော့ နှောင့်နှေးတာတွေလည်း ရှိနိုင်ပါတယ်နော်။ ပြီးလို့ရှိရင် Pfizer က လုပ်တဲ့ဆေးက အနုတ် ၇၀ ဒီဂရီမှာ ထားရမှာ ဖြစ်တဲ့အတွက် နေရာတွေအခက်အခဲပေါ့နော်။ ဘာလို့လည်းဆိုတော့ ဆေးက cold chain လို့ ကျနော်တို့ ခေါ်ပါတယ်။ ထားရမယ့်နေရာက နည်းနည်း အရမ်းကို အအေးချိန်အရမ်းမြင့်မှာဖြစ်တဲ့အတွက် သူတို့ သတ်မှတ်ထားတဲ့ နေရာတွေပေါ့နော်။ အခု UK မှာ ဆေးရုံ ၅၀ ရွေးလိုက်တယ်။ အဲဒီ ဆေးရုံတွေထဲမှာ ထိုးရမယ်ပေါ့။ ပြီးလို့ ရှိရင် နောက် GP surgery တွေပေါ့နော်၊ ဆေးခန်းတွေ၊ ပြီးလို့ရှိရင် pharmacy တွေ၊ ပြီးရင် နောက်အစိုးရကနေပြီးတော့ ထူထောင်ပါလိမ့်မယ်။ immunization စင်တာတွေပေါ့နော်... vaccine စင်တာပေါ့နော် အဲ့ဒါ ကာကွယ်ဆေးထိုးတဲ့နေရာတွေ။ ဥပမာ ဘောလုံးကွင်းတို့လို၊ conference စင်တာတွေလိုမျိုးမှာ ထိုးပါမယ်။ အဲ့လိုမျိုးပေါ့။

မစုမြတ်မွန်။ ။ ကိုဗစ်ကာကွယ်ဆေးတွေက နှစ်ဆင့် ထိုးရမယ်ပေါ့နော်။ နှစ်ခါ ထိုးရမယ်လို့ နားလည်ထားပါတယ်။ ဆိုတော့ အဲ့ဒီဆေးတွေနဲ့ ပတ်သက်လို့ side effect တွေပေါ့နော်၊ ဘေးထွက်ဆိုးကျိုးတွေ ဘာတွေ ရှိတယ်ဆိုတာမျိုးရော သတိထားဖို့အတွက် ညွှန်ကြားထားတာမျိုးရော ရှိပါသလားရှင့်။

ဒေါက်တာ သက်ကိုကို။ ။ ကျနော်တို့အခုပေါ့နော်.. flu jab ထိုးတယ်ဆိုတာလေ... တုပ်ကွေးရောဂါ ကာကွယ်ဆေးနဲ့ သူနဲ့အတူတူပါပဲတဲ့။ ဘာမှ အထူးတလည် ပိုဆိုးတာမျိုးမရှိပါဘူးတဲ့။ အရမ်း safe ဖြစ်ပါတယ်။ လူတိုင်း ထိုးသင့်ပါတယ်လို့ ပြောပါတယ်။ အခုသူတို့က သေချာ safe ဖြစ်လို့ သေသေချာချာပေ့ါနော် တကယ့်ကို သုံးသင့်လို့ကို ကမ္ဘာ့ကပ်ရောဂါ ဖြစ်တဲ့အတွက် ကပ်ရောဂါကို နှိမ်နင်းမယ်ဆိုလို့ရှိရင် ကာကွယ်ဆေးနဲ့ပဲ နှိမ်နင်းလို့ရပါတယ်။ ပြီးလို့ရှိရင် နောက်တခုက အဲဒီလိုမျိုးကာကွယ်ဆေး ထိုးမှသာလျှင် ပြည်သူလူထုတွေအကုန် တယောက်နဲ့ တယောက်ကြားမှာ မပြန့်အောင် ထိန်းနိုင်မယ်။ ပြီးလို့ရှိရင် နောက်တခုက side effect ပေါ့နော်၊ ဆိုးကျိုးက ဘာမှ မရှိသလောက်ဘဲ နည်းပါတယ်။ ကျနော်တို့အခု တုပ်ကွေးကာကွယ်ဆေး ထိုးသလောက်ပဲ... သရိုးသရည်လေး ဖြစ်တာတို့၊ နည်းနည်း အကျောအဆစ်လေးတွေ နာတာတို့ဘာတို့ပေါ့နော်၊ ပြီးလို့ရှိရင် ကြွက်သားလေးတွေနာတာတို့၊ တုပ်ကွေးလေး ဖြစ်သလိုပေါ့နော်... နှာချေသလိုလို၊ ဘာလိုလိုပေါ့နော်... ဒါမျိူးလောက်နဲ့ပဲ ပြီးမယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

Pfizer ထုတ် ကိုဗစ်ကာကွယ်ဆေး ဗြိတိန်မှာထိုးဖို့ စီစဉ်ထားပုံနဲ့ သတိထားစရာ

[Unicode Version]




SEE ALSO: မြန်မာလူထုရဲ့ အနည်းဆုံး ၂၀ ရာခိုင်နှုန်း COVID-19 ကာကွယ်ဆေး ရမယ်


