ဝန်ကြီးချုပ်ဟွန်ဆန်ကို မြန်မာနဲ့ကမေ ္ဘာဒီးယား အရပ်ဖက်အဖွဲ့အစည်းတွေ ရှုတ်ချ

Cambodia's Prime Minister Hun Sen speaks to the media during a press conference at the Peace Palace in Phnom Penh on February 24, 2020. (Photo by TANG CHHIN Sothy / AFP)

ဝန်ကြီးချုပ် ဟွန်ဆန်ကို မြန်မာနဲ့ ကမေ ္ဘာဒီးယား အရပ်ဖက် အဖွဲ့အစည်းတွေ ရှုတ်ချ

{{Zawgyi/Unicode}}

ကမေ ္ဘာဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ဟာ မြန်မာ စစ်ကောင်စီကို ထောက်ခံနေတယ်လို့ စွပ်စွဲပြီး မြန်မာနဲ့ ကမေ ္ဘာဒီးယား အရပ်ဖက် အဖွဲ့အစည်းတွေက စုပေါင်း ကန့်ကွက် ရှုတ်ချလိုက်ပြီး မြန်မာ စစ်ကောင်စီဘက်က အကြမ်းဖက် လုပ်ရပ်တွေကို ချက်ချင်း ဟန့်တားနိုင်ရေး အတွက် နိုင်ငံတကာဘက်က အရေးပေါ် ချိတ်ဆက် တုံ့ပြန်ကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ကမေ ္ဘာဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က လာမယ့် ဇန်နဝါရီလ ၇ ရက်နေ့မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပြီး စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆွေးနွေးမယ့် ကိစ္စဟာ ဆိုရင် မြန်မာ ပြည်သူတွေ အပေါ် ဆက်ပြီး အကြမ်းဖက်ဖို့ စစ်ကောင်စီကို ရဲဆေးတင်ပေးရာရောက်မယ့် လုပ်ရပ်သာ ဖြစ်တယ်လို့လည်း ပူးတွဲ ကြေညာချက်က ဝေဖန်ထားပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်တဲ့ အရပ်ဘက် အဖွဲ့အစည်းများရဲ့ ပူးတွဲကြေညာချက်မှာ ပါဝင်လက်မှတ်ရေးထိုး တောင်းဆိုကြတဲ့ မြန်မာ အရပ်ဘက် အဖွဲ့အစည်းတွေကတော့ ကမေ ္ဘာဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကို မြန်မာနိုင်ငံက မကြိုဆိုကြောင်း ပြောဆိုထားသလို ကမေ ္ဘာဒီးယား အရပ်ဘက် အဖွဲ့အစည်းတွေကတော့ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ သဘောထားဟာ ကမေ ္ဘာဒီးယား ပြည်သူတွေရဲ့ ဆန္ဒမဟုတ်ဘဲ ဝန်ကြီးချုပ်ရဲ့ သဘောဆန္ဒသာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

အာဆီယံဘက်ကတော့ မြန်မာ့နိုင်ငံရေး အကြပ်အတည်း ဖြေရှင်းတာမှာ အထောက်အကူ ဖြစ်စေရေး အတွက် တွေ့ဆုံဆွေးနွေးရေး အပါအဝင် ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားသလို မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်လည်း ခန့်အပ်ထားပေမယ့်လည်း လက်တွေ့ အကောင်အထည် မဖော်နိုင်သေးပါဘူး။ အာဆီယံရဲ့ မြန်မာ့ ပြသနာ ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှုကိုတော့ ကုလသမဂ္ဂနဲ့ နိုင်ငံ အတော်များများက ထောက်ခံထားပါတယ်။

.................................

Your browser doesn’t support HTML5

ဝန်ကြီးချုပ် ဟွန်ဆန်းကို မြန်မာနဲ့ ကမေ ္ဘာဒီးယား အရပ်ဖက် အဖွဲ့အစည်းတွေ ရှုတ်ချ



{{Unicode}}



