ဥရောပကောင်စီက ရုရှားနှုတ်ထွက်

  • ဗွီအိုအေမြန်မာပိုင်း

european council

ယူကရိန်းကို ကျုးကျော်တိုက်ခိုက်မှုတွေ သီတင်း ၃ ပတ်လောက် ရှိလာချိန်မှာပဲ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ ဥရောပကောင်စီ အဖွဲ့ဝင် အဖြစ်ကနေ ရုရှားနိုင်ငံ နုတ်ထွက်လိုက်ပါတယ်။

ဥရောပကောင်စီက ရုရှားနှုတ်ထွက်

{{Zawgyi/Unicode}}
ယူကရိန်းကို ကျုးကျော်တိုက်ခိုက်မှုတွေ သီတင်း ၃ ပတ်လောက် ရှိလာချိန်မှာပဲ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ ဥရောပကောင်စီ အဖွဲ့ဝင် အဖြစ်ကနေ ရုရှားနိုင်ငံ နုတ်ထွက်လိုက်ပါတယ်။ အဖွဲ့ဝင်အဖြစ်ကထွက်ဖို့ ရုရှားကကြေညာလိုက်ပြီး နောက်တရက်ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ အဖွဲ့ဝင် ၄၇ နိုင်ငံ ပါဝင်တဲ့ ဥရောပကောင်စီက တရားဝင် အတည်ပြုလိုက်တာပါ။

၂၆ နှစ်ကြာ အဖွဲ့ဝင်အဖြစ်ကို အဆုံးသတ်မယ့် ဆုံးဖြတ်ချက်ကို ကြေညာလိုက်ပြီးနောက် ပြင်သစ်နိုင်ငံ Strasbourg မြို့က ဥရောပကောင်စီ ရုံးချုပ်အပြင်မှာရှိတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အလံတွေထဲက ရုရှားအလံကို ဖြုတ်ချလိုက်ပါတယ်။

ရုရှားရဲ့ လုပ်ရပ်ကြောင့် အခုလို အခြေအနေအထိ ရောက်ခဲ့ရတာဖြစ်ပြီး တနေ့နေ့ တချိန်ချိန်မှာ ရုရှားဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအယူအဆတွေကို လက်ခံပြီး အဖွဲ့ဝင်အဖြစ် ပြန်လည်ပါဝင်လာဖို့ မျှော်လင့်ကြောင်းလည်း ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ann Linde ကပြောဆိုခဲ့တာပါ။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကတော့ ဥရောပကောင်စီက NATO နဲ့ EU အဖွဲ့ဝင်တွေဟာ အများစုအဖြစ် အာဏာအလွဲသုံးစား လုပ်ခဲ့ကြပြီး ရုရှားဆန့်ကျင်ရေး မူဝါဒတွေကို ကျင့်သုံးနေတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။

ဥရောပကောင်စီ အဖွဲ့ဝင်ဖြစ်တဲ့ ယူကရိန်းနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba ကတော့ ယူကရိန်းအပေါ် ရန်လိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျုးလွန်နေတဲ့ ရုရှားအတွက် ဥရောပကအဖွဲ့အစည်းတွေမှာ နေရာမရှိဘူးလို့ ပြောဆိုခဲ့တာပါ။

Your browser doesn’t support HTML5

ဥရောပကောင်စီက ရုရှားနှုတ်ထွက်

....................................................................................


{{Zawgyi/Unicode}}



