သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္အတြင္း ယူကရိန္းသမၼတ ဇလန္းစကီး


ယူကရိန္းသမၼတ ဇလန္းစကီး။

(Zawgyi / Unicode)

ယူကရိန္းႏိုင္ငံကို ႐ုရွားတပ္ေတြ အခုလို ဝင္ေရာက္တိုက္ခိုက္ေနခ်ိန္မွာ အထင္ကရျဖစ္လာသူတဦးကေတာ့ ယူကရိန္းသမၼတ ဗလိုဒီမီယာ ဇလန္းစကီး ျဖစ္ပါတယ္။ ႐ုရွားတပ္ေတြ ဝင္လာခ်ိန္ ႏိုင္ငံရပ္ျခားကို ထြက္ေျပးမသြားဘဲ ႀကံ့ႀကံ့ခံေနတဲ့ စစ္ပြဲကာလ ယူကရိန္းေခါင္းေဆာင္ ဇလန္းစကီးဆိုတာ ဘယ္လိုလူမ်ိဳးလဲ မေအးသႏၲာေက်ာ္ေျပာျပေပးပါမယ္။

႐ုရွားတပ္ေတြ သူ႔ႏိုင္ငံကို ဝင္ေရာက္က်ဴးေက်ာ္တဲ့ ရက္ေတြအတြင္းမွာပဲ ယူကရိန္းသမၼတ ဗလိုဒီမီယာ ဇလန္းစကီးဟာ ကမာၻ႔စင္ျမင့္မွာ လူအမ်ားေလးစားတဲ့ အေရးႀကီး ပုဂၢိဳလ္တဦး ျဖစ္လာပါတယ္။

ကီးယက္ဗ္ၿမိဳ႕ေတာ္ကို ႐ုရွားတပ္အင္အား ေထာင္ေသာင္းခ်ီ ဝိုင္းထားခ်ိန္၊ ယူကရိန္းအာဏာပိုင္ေတြကလည္း သူ႔ကိုလုပ္ႀကံမယ့္သတင္းေတြ ေျပာေနေပမဲ့ သမၼတ ဇလန္းစကီးကေတာ့ ၿမိဳ႕ေတာ္ကေန မခြာဖို႔ သႏၷိ႒ာန္ခ်ထားတာပါ။

ရန္သူေတြဝိုင္းခံထားရတဲ့ ၿမိဳ႕ေတာ္လမ္းေတြေပၚကေန ဗြီဒီယိုမိန႔္ခြန္းေတြေျပာ၊ ဥေရာပသမဂၢနဲ႔ ႏိုင္ငံတကာအဖြဲ႕ေတြ ဘ႑ာေရး၊ စစ္ေရး အကူအညီေပးၾကဖို႔ ေတာင္းဆိုရင္း ယူကရိန္းအတြက္ ခုခံမႈမွာ ဦးေဆာင္ပါဝင္ေနတာ ျဖစ္ပါတယ္။

အရင္က သ႐ုပ္ေဆာင္နဲ႔ ဟာသမင္းသားလုပ္ခဲ့သူ အသက္ ၄၄ ႏွစ္အ႐ြယ္ သူ႔ကို ဒီအျဖစ္ေတြ မတိုင္ခင္ေလးအထိ သူ႔ႏိုင္ငံျပင္ပမွာ လူေတြသိပ္သိမၾကပါဘူး။

သူက ၂၀၁၉ ေႏြဦးမွာ ေထာက္ခံမဲ ၇၃ ရာခုိင္ႏႈန္းနဲ႔ သမၼတေဟာင္း ပတ္ထ႐ိုပို႐ိုရွန္ကို ကို အႏိုင္ရၿပီး တက္လာတာ ျဖစ္ပါတယ္။

သူ႔ေ႐ြးေကာက္ပြဲက သူ႔ဘဝအတြက္ အႏုပညာျပကြက္တခုလိုပါပဲ။

ေ႐ြးေကာက္ပြဲမတိုင္ခင္က ျပည္သူ႔အေစအပါးဆိုတဲ့ နာမည္ေက်ာ္ ႐ုပ္သံဇာတ္လမ္းမွာ အထက္တန္းေက်ာင္းဆရာအျဖစ္ သ႐ုပ္ေဆာင္ခဲ့တာနဲ႔ အရမ္းနာမည္ႀကီးသြားၿပီးေနာက္ သူက ႏိုင္ငံအတြင္း အဂတိလိုက္စားမႈေတြကို ေဝဖန္ေနတဲ့ ဗြီဒီယို အြန္လိုင္းမွာ လူၾကည့္မ်ားၿပီးေနာက္ သမၼတအျဖစ္ ေ႐ြးခံရတာပါ။

႐ုပ္သံဇာတ္လမ္းနာမည္နဲ႔ ပါတီသစ္က အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ကတိကဝတ္ေတြနဲ႔ ေ႐ြးေကာက္ပြဲမဲဆြယ္ၿပီး သူ႔ကို သမၼတေလာင္းအျဖစ္ အဆိုျပဳတာပါ။ သူ႔ဇာတ္ေဆာင္နဲ႔ ဆင္ပါတယ္။

အေမရိကန္ေတာ္ေတာ္မ်ားမ်ား အတြက္ေတာ့ ဇလန္းစကီးဆိုတဲ့ နာမည္ကို ၂၀၁၉ က်မွ စသိၾကတာပါ။ အဲ့တုန္းက ဒုသမၼတေဟာင္း ဘိုင္ဒန္နဲ႔ သူ႔သား ဟန္တာ ေနာက္ေၾကာင္း ဇယားရႈပ္ထားတာေတြ ျပန္ေဖာ္ေပးဖို႔ သမၼတ ေဒၚနယ္ထရန္း သူ႔ကို ဖိအားေပးခဲ့တာပါ။

ငယ္စဥ္ဘဝ

သမၼတ ဇလန္းစကီးဟာ ယူကရိန္းႏိုင္ငံ ဆိုဗီယက္ျပည္ေထာင္စုထဲမွာပဲ ရွိေနခ်ိန္ ႏိုင္ငံအလယ္ ေတာင္ပိုင္းနားက ႐ုရွားစကားေျပာ ကာဗီရိဗ္ၿမိဳ႕မွာ ေမြးဖြားတာပါ။

ဂ်ဴးလူမ်ိဴးတဦးျဖစ္ၿပီး နာဇီေတြရဲ႕ ဂ်ဴးလူမ်ိဳးတုံး သတ္ျဖတ္မႈနဲ႔ သူ႔အမ်ိဳးေတြ ဆိုးဆိုး႐ြား႐ြား ႀကဳံခဲ့ရတယ္လို႔ ေျပာပါတယ္။ သူ႔ရဲ႕အဖိုးဆိုရင္ ဖခင္နဲ႔ ညီအစ္ကို ၃ ေယာက္ နာဇီေတြသတ္လို႔ ေသခဲ့ရၿပီး ဒုတိယကမာၻစစ္မွာ တပ္နီမွာ အမႈထမ္းခဲ့ပါတယ္။

ဇလန္းစကီးဟာ ဇာတ္ၫႊန္းဆရာမ အိုလီနာကီယက္ရွ္ကိုနဲ႔ ၂၀၀၃ ခုႏွစ္မွာ လက္ထပ္ခဲ့ၿပီး ၁၇ ႏွစ္အ႐ြယ္ သမီးတေယာက္နဲ႔ ၈ ႏွစ္အ႐ြယ္ သားတေယာက္ ရွိပါတယ္။ သူတို႔ ၃ ေယာက္လုံး ဇလန္းစကီးနဲ႔အတူ ကီးယက္ဗ္ၿမိဳ႕မွာ ရွိေနေသးတယ္လို႔ ယူဆရပါတယ္။

သူက အခု ကာဗီရိဗ္ အမ်ိဳးသားတကၠသိုလ္ကေန ဥပေဒဘာသာရပ္နဲ႔ ဘြဲ႕ရတာပါ။ ဒါေပမဲ့ ေရွ႕ေနမလုပ္ပဲ ဟာသသ႐ုပ္ေဆာင္လုပ္ခဲ့ၿပီး ေနာက္ပိုင္းမွာ ေအာင္ျမင္မႈရလာတဲ့ ကာဗာတယ္လ္ ၉၅ ဆိုတဲ့ ႐ုပ္သံထုတ္လုပ္ေရးကုမၸဏီကို ပူးတြဲတည္ေထာင္ခဲ့ပါတယ္။

သူ႔ထူးျခားတဲ့ ေအာင္ျမင္မႈတခုကေတာ့ ၂၀၀၆ ခုႏွစ္မွာ ယူကရိန္းႏိုင္ငံက အႏုပညာရွင္မ်ားႏွင့္ တြဲကျခင္းဆိုတဲ့ အစီအစဥ္မွာ အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။

၂၀၀၉ နဲ႔ ၂၀၁၈ ၾကားမွာေတာ့ အထူးသျဖင့္ အခ်စ္ဇာတ္ျမဴး ႐ုပ္ရွင္ကားေတာ္ေတာ္မ်ားမ်ားမွာ သ႐ုပ္ေဆာင္ခဲ့ပါတယ္။

၂၀၁၉ မွာ သူသမၼတတာဝန္ယူေတာ့ ယူကရိန္းဟာ ေဒါ့န္ဘတ္စ္ေဒသလို႔ ေခၚတဲ့ လူဟန႔္စ္ခ္နဲ႔ ဒြန္တပ္စ္ခ္ျပည္နယ္က ခြဲထြက္ေရးသမားေတြနဲ႔ ခပ္တန္းတန္း ပဋိပကၡျဖစ္ေနခဲ့တာ ၅ ႏွစ္ၾကာလာတဲ့ အခ်ိန္ျဖစ္ပါတယ္။

႐ုရွားရဲ႕ အကူအညီနဲ႔ ခြဲထြက္ေရးသမားေတြဟာ အဲဒီေဒသ ၂ ခုရဲ႕ တစိတ္တေဒသကို ထိန္းခ်ဳပ္ထားၿပီး ယူကရိန္းတပ္ေတြနဲ႔ မၾကာခဏ တိုက္ပြဲျဖစ္ေနတာပါ။ ဒါ့အျပင္ ၂၀၁၄ မွာ ႐ုရွားက သူ႔ပိုင္နက္ျဖစ္လာၿပီလို႔ ေၾကညာခဲ့တဲ့ ခ႐ိုင္မီးယားကြၽန္းဆြယ္ကိစၥနဲ႔ ပတ္သက္ၿပီးလည္း ျပႆနာတက္ေနဆဲ ျဖစ္ပါတယ္။

လူထုေထာက္ခံမႈ က်ဆင္း

အခုဆို သမၼတဇလန္းစကီးကို တကမာၻလုံးက ခ်ီးက်ဴးေနၾကေပမဲ့ သူ႔ႏိုင္ငံထဲမွာေတာ့ ေ႐ြးေကာက္ပြဲေနာက္ပိုင္းမွာ လူထုေထာက္ခံမႈ က်လာတာ ျဖစ္ပါတယ္။

အဂတိလိုက္စားမႈက အဓိကျပႆနာ ျဖစ္ေနေသးတဲ့ ႏိုင္ငံမွာ ႏိုင္ငံေရးခိုင္မာမႈရွိေအာင္ လုပ္ပါမယ္ဆိုတဲ့ သူေပးခဲ့တဲ့ကတိကို ေသခ်ာ အေကာင္အထည္ မေဖာ္ေပးႏိုင္ေသးပါဘူး။

ဇန္နဝါရီက စစ္တမ္းေတြမွာဆိုရင္ သူ႔ကို လူထုရဲ႕ ၃၀ ရာခုိင္ႏႈန္းကပဲ ေထာက္ခံပါတယ္။

က်ဴးေက်ာ္စစ္သတိေပးမႈကို ဂ႐ုမစိုက္ခဲ့

႐ုရွားသမၼတ ဗလယ္ဒီမီယာပူတင္က ယူကရိန္းကို က်ဴးေက်ာ္ဖို႔ စိတ္ပိုင္းျဖတ္ထားတယ္ဆိုတဲ့ အေမရိကန္ေထာက္လွမ္းေရး သတင္းေတြကို ႐ုရွားက မက်ဴးေက်ာ္ခင္ သီတင္းပတ္ေတြမွာ သမၼတ ဇလန္းစကီး လက္ခံခ်င္ပုံမရခဲ့တာကို ေတြ႕ရပါတယ္။

က်ဴးေက်ာ္စစ္ ျဖစ္ကိုျဖစ္မယ္ဆိုတဲ့ အေမရိကန္ သတိေပးခ်က္ကို သူက လူသိရွင္ၾကားကို မယုံၾကည္ေၾကာင္းျပ တခါတေလ ရယ္စရာေတာင္လုပ္ခဲ့ၿပီး တခ်ိန္တည္းမ်ားပဲ ပူတင့္တပ္ေတြ ႐ုတ္သြားေအာင္ ႏိုင္ငံတကာက ဖိအားေပးဖို႔ ႀကိဳးစားေနခဲ့တာပါ။

ပူတင္ေျပာေနတာ အလကားပါဆိုၿပီး သူမေျပာခဲ့ပဲ သူသာ အဲဒီသတိေပးခ်က္ေတြကို အေလးအနက္ ထားခဲ့မယ္ဆိုရင္ ယူကရိန္းလူထုအေနနဲ႔ ဒီအေျခအေနအတြက္ ပိုျပင္ဆင္မႈရွိမယ္လို႔ ေဝဖန္ၾကပါတယ္။

ဒါေပမဲ့ ႐ုရွားက်ဴးေက်ာ္စစ္ကို ခုခံၾကဖို႔ ေျပာတဲ့ သူ႔မိန႔္ခြန္းေတြက ႏိုင္ငံတကာရဲ႕ ေထာက္ခံအားေပးမႈကို ရေစပါတယ္။ သူ႔ကို ယူကရိန္းလူထုကပါမက တကမာၻလုံးကပါ စစ္ပြဲကာလ ေခါင္းေဆာင္ေကာင္း ဇာတ္ေဆာင္ေနရာမွာ ျပည္သူ႔အေစအပါးအျဖစ္ ေထာက္ခံေနၾကပါတယ္။

စစ္အတြင္း ယူကရိန္းသမၼတ Zelenskiy
please wait

No media source currently available

0:00 0:05:29 0:00
တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

စစ်အတွင်း ယူကရိန်းသမ္မတ ဇလန်းစကီး

ယူကရိန်းနိုင်ငံကို ရုရှားတပ်တွေ အခုလို ဝင်ရောက်တိုက်ခိုက်နေချိန်မှာ အထင်ကရဖြစ်လာသူတဦးကတော့ ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်းစကီး ဖြစ်ပါတယ်။ ရုရှားတပ်တွေ ဝင်လာချိန် နိုင်ငံရပ်ခြားကို ထွက်ပြေးမသွားဘဲ ကြံ့ကြံ့ခံနေတဲ့ စစ်ပွဲကာလ ယူကရိန်းခေါင်းဆောင် ဇလန်းစကီးဆိုတာ ဘယ်လိုလူမျိုးလဲ မအေးသန္တာကျော်ပြောပြပေးပါမယ်။

ရုရှားတပ်တွေ သူ့နိုင်ငံကို ဝင်ရောက်ကျူးကျော်တဲ့ ရက်တွေအတွင်းမှာပဲ ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်းစကီးဟာ ကမ္ဘာ့စင်မြင့်မှာ လူအများလေးစားတဲ့ အရေးကြီး ပုဂ္ဂိုလ်တဦး ဖြစ်လာပါတယ်။

ကီးယက်ဗ်မြို့တော်ကို ရုရှားတပ်အင်အား ထောင်သောင်းချီ ဝိုင်းထားချိန်၊ ယူကရိန်းအာဏာပိုင်တွေကလည်း သူ့ကိုလုပ်ကြံမယ့်သတင်းတွေ ပြောနေပေမဲ့ သမ္မတ ဇလန်းစကီးကတော့ မြို့တော်ကနေ မခွာဖို့ သန္နိဋ္ဌာန်ချထားတာပါ။

ရန်သူတွေဝိုင်းခံထားရတဲ့ မြို့တော်လမ်းတွေပေါ်ကနေ ဗွီဒီယိုမိန့်ခွန်းတွေပြော၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့တွေ ဘဏ္ဍာရေး၊ စစ်ရေး အကူအညီပေးကြဖို့ တောင်းဆိုရင်း ယူကရိန်းအတွက် ခုခံမှုမှာ ဦးဆောင်ပါဝင်နေတာ ဖြစ်ပါတယ်။

အရင်က သရုပ်ဆောင်နဲ့ ဟာသမင်းသားလုပ်ခဲ့သူ အသက် ၄၄ နှစ်အရွယ် သူ့ကို ဒီအဖြစ်တွေ မတိုင်ခင်လေးအထိ သူ့နိုင်ငံပြင်ပမှာ လူတွေသိပ်သိမကြပါဘူး။

သူက ၂၀၁၉ နွေဦးမှာ ထောက်ခံမဲ ၇၃ ရာခိုင်နှုန်းနဲ့ သမ္မတဟောင်း ပတ်ထရိုပိုရိုရှန်ကို ကို အနိုင်ရပြီး တက်လာတာ ဖြစ်ပါတယ်။

သူ့ရွေးကောက်ပွဲက သူ့ဘဝအတွက် အနုပညာပြကွက်တခုလိုပါပဲ။

ရွေးကောက်ပွဲမတိုင်ခင်က ပြည်သူ့အစေအပါးဆိုတဲ့ နာမည်ကျော် ရုပ်သံဇာတ်လမ်းမှာ အထက်တန်းကျောင်းဆရာအဖြစ် သရုပ်ဆောင်ခဲ့တာနဲ့ အရမ်းနာမည်ကြီးသွားပြီးနောက် သူက နိုင်ငံအတွင်း အဂတိလိုက်စားမှုတွေကို ဝေဖန်နေတဲ့ ဗွီဒီယို အွန်လိုင်းမှာ လူကြည့်များပြီးနောက် သမ္မတအဖြစ် ရွေးခံရတာပါ။

ရုပ်သံဇာတ်လမ်းနာမည်နဲ့ ပါတီသစ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကတိကဝတ်တွေနဲ့ ရွေးကောက်ပွဲမဲဆွယ်ပြီး သူ့ကို သမ္မတလောင်းအဖြစ် အဆိုပြုတာပါ။ သူ့ဇာတ်ဆောင်နဲ့ ဆင်ပါတယ်။

အမေရိကန်တော်တော်များများ အတွက်တော့ ဇလန်းစကီးဆိုတဲ့ နာမည်ကို ၂၀၁၉ ကျမှ စသိကြတာပါ။ အဲ့တုန်းက ဒုသမ္မတဟောင်း ဘိုင်ဒန်နဲ့ သူ့သား ဟန်တာ နောက်ကြောင်း ဇယားရှုပ်ထားတာတွေ ပြန်ဖော်ပေးဖို့ သမ္မတ ဒေါ်နယ်ထရန်း သူ့ကို ဖိအားပေးခဲ့တာပါ။

ငယ်စဉ်ဘဝ

သမ္မတ ဇလန်းစကီးဟာ ယူကရိန်းနိုင်ငံ ဆိုဗီယက်ပြည်ထောင်စုထဲမှာပဲ ရှိနေချိန် နိုင်ငံအလယ် တောင်ပိုင်းနားက ရုရှားစကားပြော ကာဗီရိဗ်မြို့မှာ မွေးဖွားတာပါ။

ဂျူးလူမျိူးတဦးဖြစ်ပြီး နာဇီတွေရဲ့ ဂျူးလူမျိုးတုံး သတ်ဖြတ်မှုနဲ့ သူ့အမျိုးတွေ ဆိုးဆိုးရွားရွား ကြုံခဲ့ရတယ်လို့ ပြောပါတယ်။ သူ့ရဲ့အဖိုးဆိုရင် ဖခင်နဲ့ ညီအစ်ကို ၃ ယောက် နာဇီတွေသတ်လို့ သေခဲ့ရပြီး ဒုတိယကမ္ဘာစစ်မှာ တပ်နီမှာ အမှုထမ်းခဲ့ပါတယ်။

ဇလန်းစကီးဟာ ဇာတ်ညွှန်းဆရာမ အိုလီနာကီယက်ရှ်ကိုနဲ့ ၂၀၀၃ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၁၇ နှစ်အရွယ် သမီးတယောက်နဲ့ ၈ နှစ်အရွယ် သားတယောက် ရှိပါတယ်။ သူတို့ ၃ ယောက်လုံး ဇလန်းစကီးနဲ့အတူ ကီးယက်ဗ်မြို့မှာ ရှိနေသေးတယ်လို့ ယူဆရပါတယ်။

သူက အခု ကာဗီရိဗ် အမျိုးသားတက္ကသိုလ်ကနေ ဥပဒေဘာသာရပ်နဲ့ ဘွဲ့ရတာပါ။ ဒါပေမဲ့ ရှေ့နေမလုပ်ပဲ ဟာသသရုပ်ဆောင်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ အောင်မြင်မှုရလာတဲ့ ကာဗာတယ်လ် ၉၅ ဆိုတဲ့ ရုပ်သံထုတ်လုပ်ရေးကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။

သူ့ထူးခြားတဲ့ အောင်မြင်မှုတခုကတော့ ၂၀၀၆ ခုနှစ်မှာ ယူကရိန်းနိုင်ငံက အနုပညာရှင်များနှင့် တွဲကခြင်းဆိုတဲ့ အစီအစဉ်မှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

၂၀၀၉ နဲ့ ၂၀၁၈ ကြားမှာတော့ အထူးသဖြင့် အချစ်ဇာတ်မြူး ရုပ်ရှင်ကားတော်တော်များများမှာ သရုပ်ဆောင်ခဲ့ပါတယ်။

၂၀၁၉ မှာ သူသမ္မတတာဝန်ယူတော့ ယူကရိန်းဟာ ဒေါ့န်ဘတ်စ်ဒေသလို့ ခေါ်တဲ့ လူဟန့်စ်ခ်နဲ့ ဒွန်တပ်စ်ခ်ပြည်နယ်က ခွဲထွက်ရေးသမားတွေနဲ့ ခပ်တန်းတန်း ပဋိပက္ခဖြစ်နေခဲ့တာ ၅ နှစ်ကြာလာတဲ့ အချိန်ဖြစ်ပါတယ်။

ရုရှားရဲ့ အကူအညီနဲ့ ခွဲထွက်ရေးသမားတွေဟာ အဲဒီဒေသ ၂ ခုရဲ့ တစိတ်တဒေသကို ထိန်းချုပ်ထားပြီး ယူကရိန်းတပ်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်နေတာပါ။ ဒါ့အပြင် ၂၀၁၄ မှာ ရုရှားက သူ့ပိုင်နက်ဖြစ်လာပြီလို့ ကြေညာခဲ့တဲ့ ခရိုင်မီးယားကျွန်းဆွယ်ကိစ္စနဲ့ ပတ်သက်ပြီးလည်း ပြဿနာတက်နေဆဲ ဖြစ်ပါတယ်။

လူထုထောက်ခံမှု ကျဆင်း

အခုဆို သမ္မတဇလန်းစကီးကို တကမ္ဘာလုံးက ချီးကျူးနေကြပေမဲ့ သူ့နိုင်ငံထဲမှာတော့ ရွေးကောက်ပွဲနောက်ပိုင်းမှာ လူထုထောက်ခံမှု ကျလာတာ ဖြစ်ပါတယ်။

အဂတိလိုက်စားမှုက အဓိကပြဿနာ ဖြစ်နေသေးတဲ့ နိုင်ငံမှာ နိုင်ငံရေးခိုင်မာမှုရှိအောင် လုပ်ပါမယ်ဆိုတဲ့ သူပေးခဲ့တဲ့ကတိကို သေချာ အကောင်အထည် မဖော်ပေးနိုင်သေးပါဘူး။

ဇန်နဝါရီက စစ်တမ်းတွေမှာဆိုရင် သူ့ကို လူထုရဲ့ ၃၀ ရာခိုင်နှုန်းကပဲ ထောက်ခံပါတယ်။

ကျူးကျော်စစ်သတိပေးမှုကို ဂရုမစိုက်ခဲ့

ရုရှားသမ္မတ ဗလယ်ဒီမီယာပူတင်က ယူကရိန်းကို ကျူးကျော်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုတဲ့ အမေရိကန်ထောက်လှမ်းရေး သတင်းတွေကို ရုရှားက မကျူးကျော်ခင် သီတင်းပတ်တွေမှာ သမ္မတ ဇလန်းစကီး လက်ခံချင်ပုံမရခဲ့တာကို တွေ့ရပါတယ်။

ကျူးကျော်စစ် ဖြစ်ကိုဖြစ်မယ်ဆိုတဲ့ အမေရိကန် သတိပေးချက်ကို သူက လူသိရှင်ကြားကို မယုံကြည်ကြောင်းပြ တခါတလေ ရယ်စရာတောင်လုပ်ခဲ့ပြီး တချိန်တည်းများပဲ ပူတင့်တပ်တွေ ရုတ်သွားအောင် နိုင်ငံတကာက ဖိအားပေးဖို့ ကြိုးစားနေခဲ့တာပါ။

ပူတင်ပြောနေတာ အလကားပါဆိုပြီး သူမပြောခဲ့ပဲ သူသာ အဲဒီသတိပေးချက်တွေကို အလေးအနက် ထားခဲ့မယ်ဆိုရင် ယူကရိန်းလူထုအနေနဲ့ ဒီအခြေအနေအတွက် ပိုပြင်ဆင်မှုရှိမယ်လို့ ဝေဖန်ကြပါတယ်။

ဒါပေမဲ့ ရုရှားကျူးကျော်စစ်ကို ခုခံကြဖို့ ပြောတဲ့ သူ့မိန့်ခွန်းတွေက နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှုကို ရစေပါတယ်။ သူ့ကို ယူကရိန်းလူထုကပါမက တကမ္ဘာလုံးကပါ စစ်ပွဲကာလ ခေါင်းဆောင်ကောင်း ဇာတ်ဆောင်နေရာမှာ ပြည်သူ့အစေအပါးအဖြစ် ထောက်ခံနေကြပါတယ်။

XS
SM
MD
LG