ကပ္ေရာဂါထိခိုက္မႈ ကုစားေရးအစီအစဥ္ EU သေဘာတူညီခ်က္ရရွိ

ဥေရာပေကာင္မ႐ွင္ဥကၠ႒ Ursula von der Leyen (ဘယ္) နဲ႔ ဥေရာပေကာင္စီဥကၠ႒ Charles Michel (ညာ)။ (ဇူလိုင္ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ဥေရာပသမဂၢေခါင္းေဆာင္ေတြဟာ အေမရိကန္ေဒၚလာ ၂.၁ ထရီလီယံနဲ႔ ကပ္ေရာဂါေၾကာင့္ ထိခိုက္မႈျပန္လည္ကုစားေရး အစီအစဥ္ေတြအတြက္ အဂၤါေန႔အေစာပိုင္းမွာပဲ သေဘာတူညီမႈရခဲ့ပါတယ္။

ကန္႔သတ္ခ်က္ေတြ ထည့္သြင္းသင့္သလားဆိုတာနဲ႔ ပတ္သက္ၿပီး ရန္ပံုေငြ အတိအက် ခြဲေဝခ်ထားေရးမွာ သေဘာထား ကြဲလြဲေနခဲ့ၾကတာကို ေန႔ေရာညပါ ၄ ရက္ဆက္တုိက္ ေဆြးေႏြးညွိႏႈိင္းခဲ့ၾကၿပီးတဲ့ေနာက္ ဒီသေဘာတူညီခ်က္ ထြက္ေပၚလာခဲ့တာပါ။

ဥေရာပသမဂၢေကာင္စီ အႀကီးအကဲ Charles Michel

ဥေရာပသမဂၢေကာင္စီ အႀကီးအကဲ ခ်ားလ္စ္ မီရွဲလ္က Deal သေဘာတူလိုက္ၿပီဆိုတဲ့ စကားတလံုးတည္းနဲ႔ သေဘာတူညီခ်က္ရၿပီဆိုတာကို အတည္ျပဳခဲ့ပါတယ္။

အီးယူ အဖဲြ႕၀င္ႏိုင္ငံေတြမွာ COVID 19 ကပ္ေရာဂါေၾကာင့္ ေသဆံုးသူစုစုေပါင္း ၁၃၅,၀၀၀ ရွိခဲ့ၿပီး၊ အီးယူထဲက အီတလီ ျပင္သစ္နဲ႔ စပိန္တို႔ဟာ ဒီေရာဂါေၾကာင့္ ေသဆံုးမႈအျမင့္ဆံုးကမာၻ႔ႏိုင္ငံေတြထဲ ပါ၀င္ပါတယ္။

ေရာဂါပိုးမျပန္႔ေအာင္ အသြားအလာ ပိတ္ဆို႔မႈေတြကို အစိုးရအမ်ားအျပားက အမိန္႔ထုတ္ထားခဲ့တာက ဥေရာပရဲ႕စီးပြါးေရးကို ထိခုိက္ေစခဲ့ၿပီး ဒီႏွစ္မွာ ၈.၃ ရာခိုင္ႏႈန္း စီးပြါးေရးက်ဆင္းသြားမယ္လို႔ စီးပြါးေရးပညာရွင္ေတြက ခန္႔မွန္းထားၾကပါတယ္။

နယ္သာလန္ ဝန္ႀကီးခ်ဳပ္ မာ့ခ္ ရူတီး ကေတာ့ ဒီအကူအညီေငြေတြကို တရားဥပေဒစိုးမိုးေရးေခါင္းစဥ္နဲ႔ ဆက္စပ္ထားေစခ်င္တယ္လို႔ ေျပာပါတယ္။ အဓိကအခ်က္ကေတာ့ လယ္ယာစြန္းအစိုးရေတြ အႏိုင္ရထားၿပီး ဒီမိုကေရစီနဲ႔ အနည္းငယ္ကင္းကြာတဲ့ သေဘာရွိတဲ့ ဟန္ေဂရီတို႔ ပိုလန္ႏိုင္ငံတို႕မွာ ျပဳျပင္ေျပာင္းလဲေရးေတြလုပ္လာဖို႔ ရည္ရြယ္တာျဖစ္ပါတယ္။

Your browser doesn’t support HTML5

ကပ္ေရာဂါထိခိုက္မႈ ကုစားေရးအစီအစဥ္ EU သေဘာတူညီခ်က္ရရွိ

[Unicode Version]

ကပ်ရောဂါထိခိုက်မှု ကုစားရေးအစီအစဉ် EU သဘောတူညီချက်ရရှိ

ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာ အမေရိကန်ဒေါ်လာ ၂.၁ ထရီလီယံနဲ့ ကပ်ရောဂါကြောင့် ထိခိုက်မှုပြန်လည်ကုစားရေး အစီအစဉ်တွေအတွက် အင်္ဂါနေ့အစောပိုင်းမှာပဲ သဘောတူညီမှုရခဲ့ပါတယ်။

ကန့်သတ်ချက်တွေ ထည့်သွင်းသင့်သလားဆိုတာနဲ့ ပတ်သက်ပြီး ရန်ပုံငွေ အတိအကျ ခွဲဝေချထားရေးမှာ သဘောထား ကွဲလွဲနေခဲ့ကြတာကို နေ့ရောညပါ ၄ ရက်ဆက်တိုက် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးတဲ့နောက် ဒီသဘောတူညီချက် ထွက်ပေါ်လာခဲ့တာပါ။

ဥရောပသမဂ္ဂကောင်စီ အကြီးအကဲ ချားလ်စ် မီရှဲလ်က Deal သဘောတူလိုက်ပြီဆိုတဲ့ စကားတလုံးတည်းနဲ့ သဘောတူညီချက်ရပြီဆိုတာကို အတည်ပြုခဲ့ပါတယ်။

အီးယူ အဖွဲ့ဝင်နိုင်ငံတွေမှာ COVID 19 ကပ်ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၃၅,၀၀၀ ရှိခဲ့ပြီး၊ အီးယူထဲက အီတလီ ပြင်သစ်နဲ့ စပိန်တို့ဟာ ဒီရောဂါကြောင့် သေဆုံးမှုအမြင့်ဆုံးကမ္ဘာ့နိုင်ငံတွေထဲ ပါဝင်ပါတယ်။

SEE ALSO: အေမရိကန္မွာ တရက္အတြင္း ေရာဂါကူးစက္မႈ စံခ်ိန္တင္တိုးမ်ား

ရောဂါပိုးမပြန့်အောင် အသွားအလာ ပိတ်ဆို့မှုတွေကို အစိုးရအများအပြားက အမိန့်ထုတ်ထားခဲ့တာက ဥရောပရဲ့စီးပွါးရေးကို ထိခိုက်စေခဲ့ပြီး ဒီနှစ်မှာ ၈.၃ ရာခိုင်နှုန်း စီးပွါးရေးကျဆင်းသွားမယ်လို့ စီးပွါးရေးပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

နယ်သာလန် ဝန်ကြီးချုပ် မာ့ခ် ရူတီး ကတော့ ဒီအကူအညီငွေတွေကို တရားဥပဒေစိုးမိုးရေးခေါင်းစဉ်နဲ့ ဆက်စပ်ထားစေချင်တယ်လို့ ပြောပါတယ်။ အဓိကအချက်ကတော့ လယ်ယာစွန်းအစိုးရတွေ အနိုင်ရထားပြီး ဒီမိုကရေစီနဲ့ အနည်းငယ်ကင်းကွာတဲ့ သဘောရှိတဲ့ ဟန်ဂေရီတို့ ပိုလန်နိုင်ငံတို့မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်လာဖို့ ရည်ရွယ်တာဖြစ်ပါတယ်။