ပြင်သစ် ကိုဗစ်ကူးစက်မှု တနေ့တည်း ၁ သိန်းကျော်

ပြင်သစ်နိုင်ငံမှာ ကလေးငယ်တဦးကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း။ (ဒီဇင်ဘာ ၂၂၊ ၂၀၂၁)

(Zawgyi / Unicode)

ပြင်သစ်နိုင်ငံမှာ ကိုဗစ်ကူးစက်မှုဟာ တနေ့တည်းမှာ တသိန်းကျော်ရှိခဲ့ပြီး ကပ်ရောဂါ စတင်ချိန်ကစလို့ ဒါဟာ အများဆုံး စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ဆေးရုံတက်ရသူကလည်း ပြီးခဲ့ဲတဲ့လကထက် ၂ ဆ တိုးလာခဲ့ပါတယ်။

ပြီးခဲ့ဲတဲ့ သီတင်းပတ်တုန်းက သေဆုံးသူ ၁,၀၀၀ ကျော်နဲ့ဆို အခု စုစုပေါင်း သေဆုံးရသူပေါင်းက ၁၂၀,၀၀၀ ကျော်သွားပါပြီ။ ဒီ့အတွက် ဘာဆက်လုပ်ရမယ် ဆိုတာ အစိုးရက အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူဖို့ ရှိနေပါတယ်။

သိပ္ပွံပညာရှင် တချို့ကတော့ အားလပ်ရက်အလွန် ကျောင်းတွေ ဆက်ပိတ်ထားဖို့၊ ဒါမှမဟုတ် အပြင်မထွက်ရ ကာဖျူးအမိန့်ထုတ်ဖို့ အကြံပေးနေကြပါတယ်။ အစိုးရကတော့ ကာကွယ်ဆေးထိုးရေးကိစ္စကို ပိုပြီး အာရုံစိုက်နေပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံမှာတော့ လူတွေ ပျော်ရွှင်မြူးထူးနေတဲ့ ခရစ္စမတ် ဈေးပွဲတွေကို ခွင့်ပြုထားပြီး ယဉ်ကျေးမှု အနုပညာ လုပ်ငန်းတွေကို ပစ်မှတ်ထား ကန့်သတ်တာ မမျှတဘူးဆိုပြီး အနုပညာသမားတွေက အစိုးရကို ကန့်ကွက်နေကြပါတယ်။

Your browser doesn’t support HTML5

ပြင်သစ် ကိုဗစ်ကူးစက်မှု တနေ့တည်း ၁ သိန်းကျော်

----------------------

(Unicode)




