ဂျာမနီဝန်ကြီးချုပ်သစ် လွှတ်တော်တင်မြှောက်

ဂျာမနီဝန်ကြီးချုပ်သစ် Olaf Scholz. (ဒီဇင်ဘာ ၇၊ ၂၀၂၁)

(Zawgyi / Unicode)

ဂျာမနီလွှတ်တော်က Olaf Scholz ကို တိုင်းပြည်ရဲ့ ဒုတိယကမ္ဘာစစ်အပြီး နဝမမြောက် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်လိုက်ပါတယ်။ Angela Merkel က ၁၆ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးတဲ့နောက် အပြောင်းအလဲ ကာလအသစ်ကို စဖွင့်လိုက်တာပါ။

ဗုဒ္ဓဟူးနေ့က လွှတ်တော်အစည်းအဝေးမှာ အမတ် ၃၉၅ ယောက်က သူ့ကို ထောက်ခံခဲ့ကြတာပါ။ အောက်လွှတ်တော်မှာ အမတ်နေရာ ၇၃၆ နေရာ ရှိတဲ့အနက် သူ့ရဲ့ သုံးပါတီ ညွန့်ပေါင်းအဖွဲ့က အမတ်နေရာ ၄၁၆ နေရာ ရရှိထားပါတယ်။

Scholz ကို ဝန်ကြီးချုပ်အဖြစ် ဂျာမနီသမ္မတက ခန့်ထားလိုက်ပြီး ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းမှာ အောက်လွှတ်တော်ဥက္ကဋ္ဌရှေ့မှာ ကျမ်းသစ္စာ ကျန်ဆိုခဲ့ပါတယ်။

ဂျာမနီကို ပိုမို ခေတ်မီတိုးတက်အောင် လုပ်ပြီး ရာသီဥတု အပြောင်းအလဲကို ဟန့်တားမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ Scholz ရဲ့ အစိုးရ တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ငင်း ရင်ဆိုင်နေရတာကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဂျာမနီဝန်ကြီးချုပ်သစ် လွှတ်တော်တင်မြှောက်

--------------------

(Unicode)




Scholz ကို ဝနျကွီးခြုပျအဖွဈ ဂြာမနီသမ်မတက ခန့ျထားလိုကျပွီး ဗုဒ်ဓဟူးနေ့ နေ့လယျပိုငျးမှာ အောကျလှှတျတောျဥက်ကဋ်ဌရှေ့မှာ ကမြျးသစ်စာ ကနြျဆိုခဲ့ပါတယျ။
