ဒီနှစ် Grammy ဆုပေးပွဲ အမျိုးသမီးတွေ ရှေ့တန်းရောက်

အဆိုတော် Dua Lipa ဒီနှစ် Grammy ဆုလက်ခံစဉ်

အမေရိကန်နိုင်ငံ Los Angeles မြို့မှာ ကျင်းပတဲ့ တနှစ်တာ Grammys ဂီတဆုပေးပွဲမှာတော့ အမျိုးသမီးတွေ အတော်များများ ရသွားခဲ့ပါတယ်။ ဒီပွဲကို အမေရိကန်သမ္မတဟောင်းကတော် Michelle Obama လည်း ကြိုတင်ကြေငြာချင်းမရှိဘဲ တက်ရောက်ခဲ့ပြီး ဂီတက သူ့တို့ဘဝကို ဘယ်လောက်အထိလွှမ်းမိုးပြီး အရေးပါတယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။

၂၀၁၈ အတွက် တနှစ်တာအကောင်းဆုံးတေးအယ်လ်ဘမ်ဆုကိုတော့ Musgraves ရဲ့ Golden Hour က ရသွားခဲ့ပါတယ်။ အကောင်းဆုံး Rap ဂီတ တေးအယ်လ်ဘမ်ဆုကိုတော့ အမျိုးသမီး Rap အဆိုတော် Cardi B ရဲ့ Invasion of Privacy က ရပါတယ်။ ဒါဟာ အမျိုးသမီး Rap အဆိုတော်တွေထဲက ဒီဆုကို ပထမဆုံးရတာလည်းဖြစ်ပါတယ်။

ကမ္ဘာကျော် Pop အဆိုတော် Lady Gaga ကတော့ ဆု ၂ ခုရသွားပါတယ်။ သူ့ရဲ့ Joanne (Where do you think you’re going) ဆိုတဲ့သီချင်းက အကောင်းဆုံး Pop Solo တေးသီချင်းဆုကို ရသွားသလို၊ Bradley Cooper နဲ့ တွဲဆိုထားတဲ့ Shallow သီချင်းက Pop ဂီတ စုံတွဲ ဒါမှမဟုတ် အဖွဲ့လိုက် တနှစ်တာ အကောင်းဆုံးဆုကိုရသွားပါတယ်။

Ariana Grande ကတော့ သူ့ရဲ့ Sweetener သီချင်းနဲ့ တနှစ်တာ အကောင်းဆုံး Pop အဆိုတော်ဆုကို ရသွားပါတယ်။ မျိုးဆက်သစ်တွေထဲက အကောင်းဆုံးအဆိုရှင်ဆုကိုတော့ Dua Lipa က ရသွားပါတယ်။ အကောင်းဆုံး သံစဉ် နဲ့ ဘလူးတေးဂီတ အယ်လ်ဘမ်ကိုတော့ H.E.R အဖွဲ့က ရသွားပြီး၊ အကောင်းဆုံး ကျေးလက်သီချင်းဆုကိုတော့ Musgraves ရဲ့ Butterflies က ရသွားပါတယ်။ ဒါ့အပြင် ဒီနှစ်ဆုပေးပွဲအတွင်း အမေရိကန်ရဲ့ နာမည်ကြီးအမျိုးသမီး အဆိုရှင် ၂ ဦးဖြစ်တဲ့ Dolly Parton နဲ့ Diana Ross တို့ကိုလည်း ဂုဏ်ပြုခဲ့ကြပါတယ်။

Your browser doesn’t support HTML5

ဒီနှစ် Grammy ဆုပေးပွဲ အမျိုးသမီးတွေ ရှေ့တန်းရောက်