ကိုဗစ်နာလန်ထချိန် နောက်ထပ်သတိပြုစရာ

  • ဝင်းမင်း

This photo taken on January 1, 2021 shows a doctor cleaning the floor of the intensive care unit (ICU) of the Ayeyarwady Covid Center at the Thuwana football stadium in Yangon, amid the ongoing Covid-19 coronavirus pandemic. (Photo by Ye Aung THU / AFP) /

Your browser doesn’t support HTML5

ကိုဗစ်နာလန်ထချိန် နောက်ထပ်သတိပြုစရာ

ကိုဗစ်-19 နဲ့ ပြန်နာလန်ထလာချိန်မှာ၊ နုံးချည့်တာ ဆုံးဖြတ်ရခက်တာအပြင်၊ နောက်ထပ် သတိပြုစရာတွေ ရှိသေးတယ်လို့၊ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

နောက်ထပ် အဓိက သတိပြုစရာ နှစ်ခုကတော့ ရုတ်တရက်မူးမိုက်တာနဲ့ အဆုပ်ထိခိုက်နိုင်တာပါ။ ရုတ်တရက် ကိုယ်ခန္ဓာပုံစံကို ပြောင်းလိုက်ချိန် (အထူးသဖြင့် အိပ်နေရာက ဆတ်ကနဲ ထရပ်လိုက်ချိန်မျိုး) မှာ မူးမိုက်သွားပြီး လဲကျတဲ့အထိပါ ဖြစ်နိုင်တာပါ။ အကြောင်းက ကိုယ်ခန္ဓာအနေအထား ဗြုန်းကနဲ ပြောင်းလိုက်ချိန်မှာ၊ သွေးပေါင်ချိန် ရုတ်တရက်ထိုးကျသွားပြီး နှလုံးခုန်နှုန်း မြန်လာတာကြောင့်ပါ။ နှလုံးနဲ့သွေးလမ်းကြောင်း (Cardiovascular) မှာ၊ သွေးပမာဏနည်းသွားတာနဲ့ဆိုင်ကာ၊ အထူးသဖြင့် ကိုဗစ်ဖြစ်အပြီး လူကြီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အခုလို မူးလာတာကြောင့် အာရုံစိုက်ရလည်း ခက်လာတတ်ပါတယ်။ နိုင်ငံကြီးတွေက ဆေးရုံကြီးတွေမှာ စဖွင့်လာတဲ့ ကိုဗစ်နလန်ထဆေးခန်းတွေ (Post-COVID Clinics) မှာ၊ အခုလို လူနာတွေကို တွေ့လာရတာပါ။ POTS လို့ အတိုခေါက်ခေါ်တဲ့ ဒီပြဿနာ (Postural Orthostatic Tachycardia Syndrome) အတွက်၊ ဗြုန်းကနဲမလူပ်ရှားမိစေဘဲ (အထူးသဖြင့် လဲလျောင်းနေရာကနေ ချက်ချင်း ထရပ်လိုက်တာ မလုပ်ဘဲ၊ ဖြည်းဖြည်းချင်း အရင်ထိုင်ယူပြီးမှ၊ နောက်တဆင့် အသာအယာ မတ်တတ်ရပ်ယူတာမျိုး) လုပ်ပေးပြီး၊ ရေများများသောက်ကာ၊ တခါတရံမှာ ဆားဓာတ်ပါ ဖြည့်ပေးဖို့လိုပါတယ်။ သွေးပေါင်ချိန်ကျနေတာကို တတ်နိုင်သလောက် ပြန်တက်လာစေဖို့ပါ။

ဒါ့အပြင် အသစ်ဖွင့်လာတဲ့ အခု ကိုဗစ်နလန်ထဆေးခန်းတွေမှာ၊ အောက်ဆီဂျင် ဆက်လိုနေသေးတဲ့ အဆုပ်ထိလူနာတွေကိုလည်း အဓိက စောင့်ရှောက်ပေးပါတယ်။ အဓိကကတော့ အောက်ဆီဂျင်ပေးတာ ရပ်နိုင်ဖို့၊ စောင့်ကြည့်ကုသပေးကြတာပါ။ ဒီနေရာမှာ အရင်ထဲက အဆုပ်ရောဂါ ရှိထားသူတွေ (ဆေးလိပ်အလွန်အကျွံ သောက်ခဲ့တာကြောင့်နဲ့ တီဘီကြောင့် အဆုပ်ပျက်စီးထားသူတွေ) ကလွဲပြီး၊ အများစုက သိပ်မကြာဘဲ ပြန်ကောင်းသွားတာ တွေ့ရပါတယ်။ ဒီအတွက်၊ အရောင်ကျဆေး (Steroid အမျိုးအစားဖြစ်တဲ့ Dexamethasone အစား ပျော့တဲ့ဆေး) တွေကို လိုတိုးပိုလျော့ထိန်းပေးပြီး၊ အောက်ဆီဂျင်ကို အချိန်ယူကာ တဖြည်းဖြည်းဖြုတ်ယူတာကို၊ ကျွမ်းကျင်သူ ဆရာဝန်တွေအကူအညီနဲ့ လုပ်ဆောင်နိုင်ပါတယ်။ အခုလိုစောင့်ရှောက်ရာမှာ၊ အများစု တဖြည်းဖြည်း ပြန်ကောင်းလာတာတွေ့ရပြီး၊ အထူးကြပ်မတ်ဆောင်မှာ အသက်ရှုစက် (Ventilator) နဲ့ လတွေနဲ့ချီနေရတဲ့အထိ အဆုပ်ထိခိုက်ခဲ့သူတွေတောင်၊ ပုံမှန်ပြန်ဖြစ်လာတာကို တွေ့ထားပါတယ်။

ဒီအကြောင်းပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နယူးယောက်မြို့မှာ ကိုဗစ်လူနာတွေ ကုသပေးနေပြီး၊ မြန်မာပြည်က လူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ Wyckoff Heights ဆေးရုံမှ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

==Unicode ===



