အမေရိကန်သမ္မတ Donald Trump နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လက အိမ်ဖြူတော်မှာ တွေ့ဆုံတဲ့အထဲ ပါဝင်ခဲ့သူ မြန်မာနိုင်ငံ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC ) ဥက္ကဋ္ဌ ခါလမ်ဆမ်ဆွန်ကို တပ်မတော်က တရားစွဲထားပါတယ်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက်က မြစ်ကြီးနား တရားရုံးမှာ ဦးတိုက်လျောက်ထားပြီး တရားစွဲဆိုထားတဲ့အကြောင်း မြစ်ကြီးနားမြိုနယ်တရားသူကြီးက လက်မှတ်ရေးထိုးပြီး ပြည်နယ်တရားသူကြီးချုပ်ဆီကို ထူးခြားဖြစ်စဉ်မှုခင်းဆိုပြီး တင်ပြတဲ့ စာထဲမှာ အဲလိုဖော်ပြထားတာပါ။ အဲဒီစာနဲ့ အတူ မြစ်ကြီးနားမြို့နယ်တရားရုံးရဲ့ ထူးခြားဖြစ်စဉ်မှုခင်းပူးတွဲပါ ဇယားဆိုတဲ့ စာရွက်တွေ Facebook ပေါ်ပြန့်နေပါတယ်။
ဒေါက်တာ ခါလမ်ဆမ်ဆွန်က အမေရိကန်သမ္မတ Donald Trump ကို ပြောခဲ့တာနဲ့ စပ်လျင်းပြီး World News Now Facebook စာမျက်နှာမှာ ဖော်ပြထားတာကို တွေ့ရတဲ့အတွက် ဥပဒေအရ အရေးယူပေးဖို့ ၂၆ ရက်နေ့က ဦးတိုက်လျောက်ထားခဲ့တယ်လို့ ဇယားမှာ ဖော်ပြထားပေမယ့် စွဲဆိုတဲ့ ဥပဒေပုဒ်မကိုတော့ မဖော်ပြထားပါဘူး။ ဒေါက်တာ ခါလမ်ဆမ်ဆွန်ဟာ အမေရိကန်နိုင်ငံခြားရေးဌာနက ကြီးမှူးကျင်းပတဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ နိုင်ငံတကာ ဝန်ကြီးအဆင့် ဒုတိယအကြိမ်အစည်းအဝေးကို လာတက်ရင်း သမ္မတ Trump အိမ်ဖြူတော်မှာတွေ့ဖို့ ဖိတ်ကြားခံရသူတွေထဲ တဦးအပါအဝင်ဖြစ်ပါတယ်။
Your browser doesn’t support HTML5
ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ဥက္ကဋ္ဌအပေါ် တပ်မတော်တရားစွဲဆို