ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားသူ ၆ ဦးကို ဖမ်းဆီးဖို့ ဆုငွေထုတ်

ဒီမိုကရေစီရေးလှုပ်ရှားသူ ခြောက်ဦးကိုဖမ်းဖို့ ဆုငွေထုတ်တဲ့ ဟောင်ကောင်လုံခြုံရေးဝန်ကြီး Chris Tang

ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေးကို ထိပါးစေတာကြောင့်ဆိုပြီး ဒီမိုကရေစီရေးလှုပ်ရှားသူ ၆ ဦးကို ဖမ်းဆီးဖို့ ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့မှာပဲ အမေရိကန်ဒေါ်လာ ၁၃၀,၀၀၀ နီးပါးနဲ့ ညီမျှတဲ့ ဟောင်ကောင်ဒေါ်လာ ၁ သန်း ဆုငွေ ထုတ်လိုက်ပါတယ်။ နောက်ထပ် ၇ ဦးရဲ့ နိုင်ငံကူးလက်မှတ်တွေ ကိုလည်း ပယ်ဖျက်လိုက်တာပါ။

ဟောင်ကောင် လုံခြုံရေးရာဝန်ကြီး Chris Tang က ဒီမိုကရေးစီရေးလှုပ်ရှားသူ ၆ ဦးဟာ ဗြိတိန်နဲ့ အမေရိကန်အပါအဝင် ပြည်ပမှာနေထိုင်ကြသူတွေဖြစ်ပြီး ဟောင်ကောင်ခွဲထွက်ရေး၊ ပုန်ကန်ရေး အတွက် တခြားနိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားသူ ၆ ဦးထဲမှာ ဗြိတိန်အခြေစိုက် နိုင်ငံရေးသုံးသပ်သူ Chung Kim-wah ၊ လွတ်လပ်ရေးလိုလားတဲ့ အဖွဲ့ခေါင်းဆောင်ဟောင်း Tony Chung ၊ ဟောင်ကောင်ဒီမိုကရေစီကောင်စီ အဖွဲ့ဝင် Carmen Lau တို့ ပါဝင်ပါတယ်။ အခုလိုဖမ်းဆီးဖို့ ဆုကြေးငွေထုတ်တာကြောင့် နောက်တွန့် သွားမှာ မဟုတ်ပဲ ဟောင်ကောင်အတွက် အတူတိုက်ပွဲဝင်ကြပါဆို့ ဆိုပြီး Lau က X လူမှုကွန်ယက်မှာ ရေးသားပါတယ်။

နိုင်ငံတကာမှာ ဟောင်ကောင်ရဲ့ ပုံရိပ် ပြန်ကောင်းလာစေဖို့နဲ့ စီးပွားရေး ပြန်နာလန်ထူလာအောင် ကြိုးပမ်းနေတဲ့ တချိန်တည်းမှာ ဟောင်ကောင်အရေး လှုပ်ရှားနေသူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာက ဟောင်ကောင်အာဏာပိုင်တွေအပေါ် ဝိုင်းဝန်းပြစ်တင်ခဲ့ကြပါတယ်။

Your browser doesn’t support HTML5

ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားသူ ၆ ဦးကို ဖမ်းဆီးဖို့ ဆုငွေထုတ်