သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဒီမိုကရေစီရေး လှုပ်ရှားသူ ၄၅ ယောက် ထောင်ဒဏ်ချမှတ်ခံရ


ဟောင်ကောင်တက်ကြွလှုပ်ရှားသူ Jimmy Lai ကို တရားရုံးထုတ်ဖို့ ခေါ်လာတဲ့ အချုပ်ကားရဲ့ယခင်မှတ်တမ်းဓာတ်ပုံ။ (ဒီဇင်ဘာ ၁၈၊ ၂၀၂၃)
ဟောင်ကောင်တက်ကြွလှုပ်ရှားသူ Jimmy Lai ကို တရားရုံးထုတ်ဖို့ ခေါ်လာတဲ့ အချုပ်ကားရဲ့ယခင်မှတ်တမ်းဓာတ်ပုံ။ (ဒီဇင်ဘာ ၁၈၊ ၂၀၂၃)

ဟောင်ကောင်ကျွန်းမှာ ဒီမိုကရေစီရေးလှုပ်ရှားသူ ၄၅ ယောက်ကို နိုင်ငံတော်ကိုနှောင့်ယှက်ဖျက်ဆီးမှုနဲ့ ဟောင်ကောင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ တရုတ်အစိုးရ ပြဌာန်းထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေအရအကြီးဆုံးအမှုဖြစ်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့အမှုကို အဆုံးသတ် စီရင်လိုက်တာ ဖြစ်ပါတယ်။

တက်ကြွလှုပ်ရှားသူတွေဟာ ဟောင်ကောင်အစိုးရ လုပ်ငန်းတွေလည်ပတ်လို့မရအောင် စီစဉ်လုပ်ဆောင်ခဲ့သလို အုပ်ချုပ်ရေးမှူးနုတ်ထွက်အောင် ဖိအားပေးခဲ့တဲ့အပြင် အစိုးရအသုံးစရိတ်ကို ပိတ်ပင်ဖို့ လွှတ်တော်အမတ်နေရာ အများစုရဖို့ ကြိုးစားခဲ့တယ်လို့ အာဏာပိုင်တွေက စွပ်စွဲပါတယ်။

၂၀၂၀ ပြည့်နှစ် တရုတ်အစိုးရ ပြဌာန်းတဲ့ အမျိုးသားလုံခြုံရေး ဥပဒေအောက်မှာ ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက နှိမ်နှင်းခဲ့ပြီး နိုင်ငံတော် အာဏာကို နှောင့်ယှက်ဖျက်ဆီးဖို့ ပူးပေါင်းကြံစည်တဲ့ စွဲချက်တွေနဲ့ ဒါဇင်နဲ့ချီတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ဒီအတောအတွင်း အကျဉ်းချခံထားရတဲ့ ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားသူလည်းဖြစ်၊ Apple Daily သတင်းစာတိုက်ကို တည်ထောင်ခဲ့သူလည်းဖြစ်တဲ့ Jimmy Lai ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ စိုးရိမ်တဲ့အကြောင်း မနေ့က ဗြိတိန်ဝန်ကြီးချုပ် Keir Starmer (ကီရာ စတာမာ) က တရုတ်သမ္မတ Xi Jinping နဲ့ ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ G20 အစည်းအဝေးကာလ သီးသန့်တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။

ဟောင်ကောင်ဒီမိုကရေစီရေး လှုပ်ရှားသူ ၄၅ ယောက် ထောင်ဒဏ်ချမှတ်ခံရ
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG