သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Jimmy Lai အမှု နိုင်ငံခြားရှေ့နေလိုက်ခွင့်ပယ်ချခံရ 


ယခင်မှတ်တမ်းဓါတ်ပုံ | ဟောင်ကောင်မီဒီယာသူဌေးကြီး Jimmy Lai (ဂျင်မီလိုင်) ဟောင်ကောင်ဗဟိုတရားရုံးက ဒီဇင်ဘာ ၂၃၊ ၂၀၂၀ မှာအာမခံချက်ရပြီးနောက် ထွက်လာတာကိုတွေ့ရတာပါ။
ယခင်မှတ်တမ်းဓါတ်ပုံ | ဟောင်ကောင်မီဒီယာသူဌေးကြီး Jimmy Lai (ဂျင်မီလိုင်) ဟောင်ကောင်ဗဟိုတရားရုံးက ဒီဇင်ဘာ ၂၃၊ ၂၀၂၀ မှာအာမခံချက်ရပြီးနောက် ထွက်လာတာကိုတွေ့ရတာပါ။

အကျဉ်းချခံထားရတဲ့ ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားသူလည်းဖြစ်၊ Apple Daily သတင်းစာတိုက်ကို တည်ထောင်ခဲ့သူလည်းဖြစ်တဲ့ Jimmy Lai (ဂျင်မီလိုင်) က သူ့အမှုအတွက် ဗြိတိန်ရှေ့နေ ငှားရမ်းခွင့်ပြုဖို့ အယူခံလွှာကို ဟောင်ကောင်တရားရုံးတခုက ဒီကနေ့ ပယ်ချလိုက်ပါတယ်။ အမျိုးသားလုံခြုံရေး ဥပဒေ ချိုးဖောက်မှုနဲ့ သူ့အပေါ် စွဲဆိုချက်တွေ အပြစ်ရှိကြောင်း ဆုံးဖြတ်ရင်တော့ အသက် ၇၅ နှစ် အရွယ် Jimmy Lai ဟာ ထောင်ဒဏ် တသက်အထိ ချမှတ်ခံရနိုင်ပါတယ်။

သူ့ဘက်က ပြန်လည်ချေပရာမှာ ဝါရင့် ဗြိတိန်အကျိုးဆောင်ရှေ့နေ Timothy Owen ကို ငှားရမ်းခွင့်ပြုဖို့ ဂျင်မီလိုင်ရဲ့ အယူခံကို ဟောင်ကောင် တရားရုံးချုပ်က ပြီးခဲ့တဲ့ နိုဝင်ဘာလက ခွင်ပြုခဲ့ပေမဲ့လို့၊ ဟောင်ကောင်အစိုးရက ဒါကို ချက်ချင်း ကန့်ကွက်ပြီး တရုတ်အာဏာပိုင်တွေက ကြားဝင် ဆောင်ရွက်ဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဟောင်ကောင်မှာ ၂၀၁၉ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုနောက်ပိုင်း Jimmy Lai နဲ့ တခြား တက်ကြွ လှုပ်ရှားသူ အများအပြား ဖမ်းဆီးခံခဲ့ရပြီး တရုတ်ပြည်မကြီးအစိုးရက ၂၀၂၀ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ အမျိုးသား လုံခြုံရေးဥပဒေ ချိုးဖောက်မှုနဲ့ တရားစွဲဆို ခံထားရပါတယ်။

Jimmy Lai ကို နိုင်ငံရပ်ခြား အစိုးရတွေနဲ့ ပေါင်းပြီး အမျိုးသားလုံခြုံရေး ထိခိုက်အောင်၊ ဆူပူအုံကြွမှုတွေ ဖြစ်အောင် လုပ်တယ်ဆိုပြီး သဘောထား ကွဲလွဲသူတွေအပေါ် ဖိနှိပ်ဖို့ပြဌာန်းထားတဲ့ ကိုလိုနီခေတ်က ဥပဒေတွေနဲ့ တရားစွဲထားတာပါ။ ဂျင်မီလိုင်ဟာ တခြား တက်ကြွလှုပ်ရှားသူတွေနဲ့ ပေါင်းပြီး ဟောင်ကောင်နဲ့ တရုတ်နိုင်ငံအပေါ် ဆန့်ကျင် လှုပ်ရှားမှုတွေ ဖြစ်အောင်၊ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လာအောင် လှုံ့ဆော် စည်းရုံးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ Jimmy Lai ကို ပြန်လွှတ်ဖို့ နိုဘဲလ်ဆုရှင်တွေနဲ့ The New York Times နဲ့ Washington Post နဲ့ The Guardian အပါအဝင် သတင်းမီဒီယာပေါင်း ၁၀၀ ကျော်က တောင်းဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG