သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် Stand News အယ်ဒီတာချုပ်ဟောင်း ၂ ဦးကို ဆူပူမှုနဲ့ စီရင်ချက်ချ

တရားရုံးက အပြစ်ရှိကြောင်း ချမှတ်ခံရတဲ့ Stand News သတင်း အယ်ဒီတာချုပ်ဟောင်း Chung Pui-kuen ကို ဟောင်ကောင်ရှိ မြို့နယ်တရားရုံးမှာတွေ့ရစဉ် (ဩဂုတ် ၂၉၊ ၂၀၂၄)
တရားရုံးက အပြစ်ရှိကြောင်း ချမှတ်ခံရတဲ့ Stand News သတင်း အယ်ဒီတာချုပ်ဟောင်း Chung Pui-kuen ကို ဟောင်ကောင်ရှိ မြို့နယ်တရားရုံးမှာတွေ့ရစဉ် (ဩဂုတ် ၂၉၊ ၂၀၂၄)

ဟောင်ကောင်မှာ ဒီမိုကရေစီရေးအားပေးတဲ့ Stand News သတင်းဌာနနဲ့ ဒီသတင်းဌာနက အယ်ဒီတာချုပ်ဟောင်း နှစ်ဦးကို ဆူပူမှုတွေဖြစ်အောင် လှုံ့ဆော်မှုနဲ့ အပြစ်ရှိကြောင်း တရားရုံးက ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ဗြိတိသျှ ကိုလိုနီလက်အောက်ကနေ တရုတ်ပြည်မကြီး အစိုးရလက်အောက် ဟောင်ကောင် ရောက်သွားခဲ့တဲ့ ၁၉၉၇ ခုနှစ်ကစလို့ ခုလို အပြစ်ရှိကြောင်း ဆုံးဖြတ်တာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဟောင်ကောင်မှာ ၂၀၁၉ ခုနှစ်က ဒီမိုကရေစီ တောင်းဆို ဆန္ဒပြပွဲကြီးတွေ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် တရုတ်အစိုးရအပေါ် ဝေဖန်သူတွေကို ထောင်ချ၊ ဒါမှမဟုတ် ပြည်နှင်ဒဏ် ပေးတာတွေ တွေ့လာရတာပါ။

အခု တရားရုံး ဆုံးဖြတ်ချက်ကလည်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ဖိနှိပ်မှုတွေထဲက တခုဖြစ်သလို၊ Stand News သတင်းအယ်ဒီတာတွေဖြစ်ကြတဲ့ Chung Pui-kuen နဲ့ Patrick Lam တို့ကတော့ ၁၉၉၇ ခုနှစ်နောက်ပိုင်း ဆူပူအောင် လှုံ့ဆော်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရတဲ့ ပထမဆုံး သတင်းထောက် နှစ်ဦးပဲ ဖြစ်ပါတယ်။

တရုတ်ဘာသာစကားနဲ့ ထုတ်ဝေတဲ့ Stand Online အွန်လိုင်းသတင်းဟာ ၂၀၁၉ ခုနှစ် လူထုဆန္ဒပြပွဲ ကာလတွေမှာ လူဖတ်များတဲ့ သတင်းဝက်ဆိုက်တခု ဖြစ်ခဲ့ပြီး အဲ့ဒီနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလထဲမှာ သူတို့ရုံးခန်း ဝင်စီးခံရပြီး အပိတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အယ်ဒီတာ Chung နဲ့ Lam တို့ဟာ လူထုအုံကြွမှုတွေ ဖြစ်စေတဲ့ သတင်းတွေကို ရေးသား ထုတ်ဝေခဲ့တာကြောင့် အပြစ်ရှိကြောင်း ဆုံးဖြတ်တာလို့ ခရိုင်တရားသူကြီး Kwok Wai-kin က ဒီကနေ့ ပြောပါတယ်။ Stand News ရဲ့ မိခင်ကုမ္ပဏီ Best Pencil Limited ကိုလည်း အလားတူ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

This item is part of

Forum

XS
SM
MD
LG