Joshua Wong ဟောင်ကောင်ဥပဒေပြုအဖွဲ့ဝင် ရွေးကောက်ခံဖို့ စာရင်းသွင်း

ဟောင်ကောင်က ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ Joshua Wong။ (ဇူလိုင် ၂၀၊ ၂၀၂၀)

[Zawgyi/Unicode]

ဟောင်ကောင်က ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ Joshua Wong ဟာ စက်တင်ဘာလမှာ ပြုလုပ်မယ့် ဟောင်ကောင် ဥပဒေပြုအဖွဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း တစ်ဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံဖို့ လျှောက်ထားလိုက်ပြီ ဖြစ်ပါတယ်။

ဟောင်ကောင်က ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ Joshua Wong

ဟောင်ကောင်မှာ အသစ်ပြဌာန်းလိုက်တဲ့အမျိုးသား လုံခြုံရေးဥပဒေအသစ်အရ အတိုက်အခံကိုယ်စားလှယ်လောင်းတွေ ကိုပိတ်ပင် တားဆီးနိုင်ချေရှိတဲ့ကြားက Joshua Wong က အခုလို လျှောက်ထားလိုက်တာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံကို ရာဇဝတ်ပြစ်မှုနဲ့ လွှဲပြောင်းပေးခံရမယ့် အန္တရာယ်နဲ့ ပြည်မကြီးက ထောင်တွေမှာ ထောင်ချခံရမလားဆိုတဲ့ မရေရာမှုတွေကြား၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရနိုင်ချေ ရှိတဲ့ကြားက ကျနော် ရွေးကောက်ပွဲဝင်ဖို့ မျှော်လင့်ထားပြီး ပြည်သူတွေက ပေးအပ် ထားတဲ့ တာဝန်ကို လက်ခံရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ဆုံး ထွက်သက်အထိ ကျနော်တို့ ဆက်ပြီး တိုက်ပွဲဝင်သွားမယ်ဆို တာကိုလည်း ကမ္ဘာက သိအောင် လုပ်ပြသွားပါမယ်။ လို့ အသက် ၂၃ နှစ်အရွယ် Joshua Wong က ပြောသွားတာပါ။

SEE ALSO: ဟောင်ကောင် အတိုက်အခံတွေရဲ့ မဲပေးပွဲ လူ ၆ သိန်းနီးပါး ပါဝင်

လာမယ့် ဟောင်ကောင် ဥပဒေပြုအဖွဲဝင် ရွေးကောက်ပွဲအတွက် ဒီမိုကရေစီ လိုလားသူအုပ်စုတွေက ကိုယ်စားလှယ်လောင်း ပဏာမ ရွေးချယ်ပွဲတွေ အလွတ်သဘော ပြုလုပ်ထားခဲ့တာမှာ Joshua Wong က ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ထိပ်ဆုံးက ရွေးချယ် ခံခဲ့ရတာပါ။ သူဟာ ၂၀၁၄ ခုနှစ် ဆန္ဒပြပွဲတွေမှာ ဦးဆောင် ပါဝင်မှုနဲ့ ထောင် နှစ် ခါ ကျခံရဖူးပါတယ်။

စက်တင်ဘာလမှာ အဖွဲ့ဝင် ၇၀ ပါဝင်တဲ့ ဟောင်ကောင် ဥပဒေပြုအဖွဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့အခါ နေရာ အများစုကို အနိုင်ရဖို့ ဒီမိုကရေစီ လိုလားတဲ့ အုပ်စုတွေက မျှော်မှန်းနေကြပါတယ်။ ဒါပေမဲ့ တရုတ်ပြည်မကြီးက ဇွန်လ ၃၀ ရက်နေ့က အသစ်ပြဌာန်းလိုက်တဲ့ အမျိုးသား လုံခြုံရေးဥပဒေနဲ့ ဒီမိုကရေစီ လိုလားသူ ကိုယ်စားလှယ် လောင်းတွေကို တားမြစ်နိုင်ချေရှိတဲ့ အပေါ်မှာလည်း စိုးရိမ်နေကြပါတယ်။ အဲဒီ ဥပဒေအရ အမျိုးသား လုံခြုံရေးကို အန္တရာယ်ပြုတဲ့ အပြစ်ရှိသူ မည်သူမဆို ရွေးကောက်ပွဲဝင်ဖို့ အရည်အသွေး မပြည့်မီဘူးလို့ ပြောထားပါတယ် ရှင်။

Your browser doesn’t support HTML5

Joshua Wong ဟောင်ကောင်ဥပဒေပြုအဖွဲ့ဝင် ရွေးကောက်ခံဖို့ စာရင်းသွင်း

[Unicode Version]



ဟောင်ကောင်က ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ Joshua Wong (လယ်)။



SEE ALSO: ဟောင်ကောင်မှာ သတင်းလွတ်လပ်ခွင့်ဆုံးရှုံးတော့မလား

