အိန္ဒိယ ကိုဗစ်ကူးစက်သူ ၂၁ သန်းကျော်ပြီ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က ဆေးရုံတခုမှာ ကိုဗစ်ကူးစက်လူနာတွေကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (မေ ၀၁၊ ၂၀၂၁)

[Zawgyi/Unicode]

အိန္ဒိယမှာ COVID-19 ရောဂါကူးစက်သူ စုစုပေါင်း ၂၁ သန်းကျော်သွားပြီလို့ အိန္ဒိယကျန်းမာရေး ဌာနက သတင်းထုတ်ပြန်ပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် တရက်ထဲ လူ ၄,၀၀၀ နီးပါး သေဆုံးခဲ့တဲ့ အိန္ဒိယနိုင်ငံမှာ ကပ်ရောဂါ တတိယလှိုင်းနဲ့ မလွဲမသွေ ရင်ဆိုင်ရတော့မှာဖြစ်ကြောင်း အစိုးရရဲ့ ကျန်းမာရေးဆိုင်ရာ ထိပ်တန်းအကြံပေး K. Vijay Raghava က သတိပေးလိုက်ပါတယ်။

သီတင်းတပတ်အတွင်း ကမ္ဘာတဝန်း ရောဂါကူးစက်မှုတွေရဲ့ ထက်ဝက်နီးပါးနဲ့ သေဆုံးမှု စုစုပေါင်းရဲ့ ၄ ပုံ ၁ ပုံလောက်ဟာ အိန္ဒိယနိုင်ငံမှာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း သတင်းထုတ်ပြန်ထားတာပါ။

SEE ALSO: ကိုဗစ် တတိယလှိုင်း ကြုံရမည့်အရေး အိန္ဒိယကို သိပ္ပံပညာရှင် သတိပေး

အရေးပေါ် လူနာတွေအတွက် ဆေးရုံသုံး အောက်စီဂျင်တွေ ပြတ်လပ်မှုနဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရာမှာ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်း လိုအပ်ချက်တွေနဲ့အတူ အိန္ဒိယနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ကမ္ဘာမှာ အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်ငန်းဖြစ်တဲ့ Serum Institute of India ရှိရာ နိုင်ငံမှာ လူဦးရေသန်း ၁,၃၀၀ ရဲ့ ၂% သာ ကာကွယ်ဆေး ထိုးရသေးတယ်လို့လည်း ဒေသခံသတင်းတွေက ဖော်ပြပါတယ်။ နယူးဒေလီမြို့တော်က ဆေးရုံတွေမှာ အောက်စီဂျင် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ့် အစီအစဉ်တရပ်ကို တင်ပြဖို့လည်း အိန္ဒိယတရားရုံးချုပ်က အစိုးရကို အမိန့်ထုတ်ထားပါတယ်။

အိန္ဒိယမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်သူ ၄၁၀,၀၀၀ ကျော် ရှိပြီး ကူးစက်မှုနှုန်း ၄၀၀,၀၀၀ အထက်ရောက်တာ နှစ်ရက်ဆက်တိုက်ရှိနေပြီဖြစ်ပါတယ်။ သေဆုံးသူ စုစုပေါင်းက ၂၃၀,၀၀၀ ကျော်ရှိပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယ ကိုဗစ်ကူးစက်သူ ၂၁ သန်းကျော်ပြီ

[Unicode Version]

အိန်ဒိယ ကိုဗဈကူးစကျသူ ၂၁ သနျးကြောျပွီ




SEE ALSO: G7 အစည်းအဝေးတွင်း ကိုဗစ်ကပ်ဘေးနဲ့ ဥတုရာသီပြောင်းလဲမှု ဦးစားပေးခဲ့


