ဆန္ဒပြ အိန္ဒိယလယ်သမားတွေ အစိုးရနဲ့ဆွေးနွေးဖို့ သဘောတူကြပြီ

နယူးဒေလီမြို့မှာ ဆန္ဒပြနေကြတဲ့ အိန္ဒိယလယ်သမားများ။ (ဒီဇင်ဘာ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

အိန္ဒိယရဲ့ စိုက်ပျိုးရေး ဥပဒေသစ် ၃ ခုဟာ လယ်သမားတွေရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေကို ခြိမ်းခြောက်နေတယ်ဆိုပြီး ကန့်ကွက် ဆန္ဒပြနေကြတဲ့ လယ်သမားတွေနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ လာမယ့် အင်္ဂါနေ့မှာ တွေ့ဆုံဖို့ သဘောတူထားကြောင်း လယ်သမားများသမဂ္ဂ ခေါင်းဆောင်တွေက ပြောပါတယ်။

“လယ်သမားတွေရဲ့ တောင်းဆိုချက်တွေကို တလွဲ အဓိပ္ပါယ်ကောက်ယူတာမျိုး မလုပ်ဖို့၊ နောက် အစိုးရ ယန္တရားတွေကို သုံးပြီး လယ်သမားတွေကို ဆန့်ကျင် ဝါဒဖြန့်နေတာတွေလည်း မလုပ်ဖို့လိုပါတယ်” လို့ တက်ကြွလှုပ်ရှားသူ Yogendra Yadav က ပြောဆိုခဲ့တာပါ။

နယူးဒေလီမြို့တော် အစွန်ပိုင်းမှာ လယ်သမားတွေက အချိန်ပြည့် ထိုင်သပိတ် ဆင်နွှဲနေတာဖြစ်ပြီး တွေ့ဆုံဆွေးနွေးကြဖို့ ဝန်ကြီးချုပ် Narendra Modi က ကြာသပတေးနေ့မှာ ကမ်းလှမ်းခဲ့တာပါ။

SEE ALSO: အိန္ဒိယလယ်သမားတွေ လယ်ယာဥပဒေသစ်အပေါ် ဆန္ဒပြ

စိုက်ပျိုးရေးဥပဒေသစ်တွေကို ရုပ်သိမ်းပေးဖို့ လယ်သမားသမဂ္ဂတွေက တောင်းဆိုနေကြတာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလက ပြဋ္ဌာန်းလိုက်တဲ့ စိုက်ပျိုးရေး ဥပဒေတွေအရ လယ်သမားတွေအနေနဲ့ လယ်ယာထွက်ကုန်တွေကို အစိုးရက ထိန်းကျောင်းပေးနေတဲ့ ဈေးကွက်တွေမှာပဲ ရောင်းချနေရမှုတွေ လွတ်ကင်းသွားပြီး လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရမှာလို့ အစိုးရက ပြောဆိုနေတာပါ။

ဒါပေမယ့်လည်း လယ်သမားတွေကတော့ အစိုးရက ထိန်းကျောင်းပေးနေတဲ့ ဈေးကွက်တွေ ဖျက်ပစ်ပြီး အစိုးရဘက်က အာမခံဈေးနှုန်းတရပ်နဲ့ ဆန်နဲ့ ဂျုံ ဝယ်ယူမှု ရပ်ပစ်လိုက်မယ့်အရေးကို စိုးရိမ်ပြီး ဒီဥပဒေသစ်တွေ ပြန်ရုပ်သိမ်းဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဆန္ဒပြ အိန္ဒိယလယ်သမားတွေ အစိုးရနဲ့ဆွေးနွေးဖို့ သဘောတူကြပြီ

--------------------------

(Unicode)

ဆန်ဒပွ အိန်ဒိယလယျသမားတှေ အစိုးရနဲ့ဆှေးနှေးဖို့ သဘောတူကွပွီ


“လယျသမားတှရေဲ့ တောငျးဆိုခကြျတှကေို တလှဲ အဓိပ်ပါယျကောကျယူတာမြိုး မလုပျဖို့၊ နောကျ အစိုးရ ယန်တရားတှကေို သုံးပွီး လယျသမားတှကေို ဆန့ျကငြျ ဝါဒဖွန့ျနတောတှလေညျး မလုပျဖို့လိုပါတယျ” လို့ တကျကွှလှုပျရှားသူ Yogendra Yadav က ပွောဆိုခဲ့တာပါ။


SEE ALSO: အိန္ဒိယအစိုးရနဲ့ ဆန္ဒပြလယ်သမားတွေ ညှိနှိုင်းမှုပျက်ပြား

