ရိုဟင်ဂျာတွေ ပြန်ပို့ဖို့ အစီအစဉ် မရှိသေးကြောင်း အိန္ဒိယ ဖြေရှင်း

အိန္ဒိယ နိုင်ငံ ဂျမူးနယ်က ရိုဟင်ဂျာ မိန်းကလေးငယ်။

သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို ပြန်ပို့မယ့် ကိစ္စအပေါ် ကုလသမဂ္ဂ အကြီးအကဲက စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီးနောက် တရက် အကြာမှာ မြန်မာနိုင်ငံမှာ နှိပ်ကွပ်ခံရလို့ ထွက်ပြေးလာသူတွေကို မောင်းထုတ်မှာ မဟုတ်ပဲ စိစစ်နေခြင်းသာ ဖြစ်တယ်လို့ အိန္ဒိယအရာရှိကြီး တဦးက ပြောကြားလိုက်ပါတယ်။

UNHCR မှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူ ၁ သောင်း ၅ ထောင် မပြည့်ပေမယ့် အိန္ဒိယနိုင်ငံ အနှံ့ရောက်ရှိနေကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ဦးရေကတော့ ၄သောင်းလောက် ရှိနေပါတယ်။

ပြီးခဲ့တဲ့ အပတ်တုန်းကတော့ တရားမဝင် ပြောင်းရွှေ့လာသူတွေကို စိစစ်ပြီး ပြန်လည် မောင်းထုတ်ဖို့ ပြည်နယ် အရာရှိတွေကို မှာကြားထား တယ်လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Kiren Rijiju က ပါလီမန်မှာ ပြောကြားခဲ့ပါတယ်။

ဒီလို ပြောင်းရွှေ့ ဝင်ရောက် လာသူတွေဟာ အကြမ်းဖက်အဖွဲ့တွေ အတွက် လူသူ စုဆောင်းနိုင်တဲ့ နေရာ ဖြစ်နိုင်ချေရှိပြီး အိန္ဒိယ ပြည်သူတွေရဲ့ရပိုင်ခွင့်ကို ထိပါးရုံသာမက လုံခြုံရေးဆိုင်ရာ အရေးကြီးတဲ့ စိန်ခေါ်မှု ဖြစ်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာတွေ ပြန်ပို့ဖို့ အစီအစဉ် မရှိသေးကြောင်း အိန္ဒိယ ဖြေရှင်း