ဇန်နဝါရီလ ၉ ရက်နေ့ဟာ Apple ကုမ္ပဏီက ထုတ်တဲ့ iPhone ကို အများပြည်သူကြား စတင် မိတ်ဆက်ပေးခဲ့တဲ့ ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ အခုချိန်မှာတော့ Smartphones လို့ခေါ်တဲ့ နောက်ဆုံးပေါ် ဖုန်းတွေကို လူတိုင်းနီးပါးက ကိုင်နေကြပြီ ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်က Macworld မှာ Apple ကုမ္ပဏီကို ပူးတွဲ တည်ထောင်သူ Steve Jobs က iPhone ကို ပရိတ်သတ်တွေအကြား စတင် မိတ်ဆက်တဲ့အချိန်တုန်းက - ဒီပစ္စည်းလေးဟာ ဖန်သားပေါ်ကို လက်နဲ့ထိပြီး လိုရာကို သွားနိုင်တဲ့ Touch Screen ပါတဲ့ iPod လည်းဟုတ်၊ လက်ရှိ ရှိနေတဲ့ လက်ကိုင်ဖုန်းတွေနဲ့ အသွင်မတူအောင် ဆန်းသစ် တီထွင်ထားတဲ့ လက်ကိုင်ဖုန်းလည်းဟုတ်၊ အင်တာနက် ဆက်သွယ်ရေးပါ တပြိုင်ထဲ လုပ်နိုင်တဲ့ ဖုန်းလည်း ဟုတ်တယ်ဆိုပြီး မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်ကစလို့ Apple ကုမ္ပဏီအနေနဲ့ iPhone ပေါင်း တစ် ဘီလီယံကျော်ကို ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ iPhone ကြောင့် ကနေ့ လူတွေရဲ့ ဆက်သွယ်ရေးပုံစံ၊ ဓါတ်ပုံရိုက်ယူတာ၊ သီချင်းနားထောင်တာ၊ ဗွီဒီယိုကြည့်တာတွေအပြင် မိမိတို့ ချစ်ခင် မြတ်နိုးသူတွေနဲ့ ပုံမှန် ထိတွေ့ ဆက်ဆံတဲ့ပုံစံတွေပါ ပြောင်းလဲသွားခဲ့တာပါ။
လက်ရှိအချိန်မှာတော့ Apple ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် iPhone-7 အပြင် အရွယ်အစား နဲနဲ ပိုကြီးတဲ့ 7 Plus တို့ကို ဈေးကွက်မှာ ရောင်းချနေတာ ဖြစ်ပါတယ်။
iPhone တွေ ရောင်းကောင်းလွန်းတာကြောင့် Apple ကုမ္ပဏီဟာ ကမ္ဘာမှာ အချမ်းသာဆုံး ကုမ္ပဏီတခု ဖြစ်လာခဲ့ပါတယ်။
Your browser doesn’t support HTML5