ဒေါ်လာ ၁၀၀၀ တန် iPhone 10 ထွက်ပြီ

iPhone x

အိုင်ဖုန်းအသစ် သုံးမျိုး တပြိုင်ထဲ ထွက်လာတော့မယ်လို့ Apple ကုမ္ပဏီက မနေ့ကဘဲ ကြေညာလိုက်ပါတယ်။ Iphone X ၊iPhone 8 နဲ့ iPhone 8 plus တွေ ပုံစံအသစ်နဲ့ ထွက်လာမယ်လို့ Apple ကုမ္ပဏီရဲ့ အကြီးအကဲ Tim Cook က ကြေညာပါတယ်။

အိုင်ဖုန်း အသစ်တွေမှာ ဝိုင်ရာကြိုးမပါဘဲ ဘက်ထရီ အားသွင်းလို့ ရမှာ ဖြစ်ပြီး တယ်လီဖုန်းကို ဖွင့်ချင်ရင် ကိုယ့် မျက်နှာကို အရင ်အိုင်ဖုန်းက စစ်ပြီး သေချာမှ ပွင့်လာအောင် စီစဉ်ထားပါတယ်။ အရင် အိုင်ဖုန်းတွေ မှာပါနေကျ Home ဆိုတဲ့ ခလုပ် ပါမှာ မဟုတ်တော့ပါဘူး။

အောက်တိုဘာလ ၂၇ ရက်နေ့က စပြီး ကြိုတင်မှာယူလို့ ရပါပြီ။ နိုဝင်ဘာလ ၃ ရက်နေ့မှာ စပြီး ပို့ပေးပါလိမ့်မယ်။ iPhone X တလုံးကို ဒေါ်လာ ၁ ထောင် ကျပါမယ်။ Apple ရဲ့ ဖခင်ကြီး ကွယ်လွန်သူ Steve Jobs က အိုင်ဖုန်းကို စတင် မိတ်ဆက်ခဲ့ပြီး ၁၀ နှစ် အကြာမှာ ထွက်လာတဲ့ iPhone X ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဒေါ်လာ ၁၀၀၀ တန် iPhone 10 ထွက်ပြီ