နျူကလီးယား ဆွေးနွေးပွဲပြန်စဖို့ အီရန် သဘောတူ

This combined photo released by the Iranian Foreign Ministry, shows Iranian diplomats attending a virtual talk on nuclear deal with representatives of world powers, in Tehran, Iran, Friday, April 2, 2021. The chair of the group including the European Unio

နျူကလီးယား ဆွေးနွေးပွဲပြန်စဖို့ အီရန် သဘောတူ

{{Zawgyi/Unicode}}

အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်လို့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေကို နိုဝင်ဘာလကုန် နောက်ဆုံးထား ပြန်လည်စတင်မှာဖြစ်ကြောင်း အီရန်နိုင်ငံက ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလကုန်မှာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်စဖို့ သဘောတူထားပြီး၊ ရက်အတိအကျကို ရှေ့သီတင်းပတ်မှာ ကြေညာမှာဖြစ်ကြောင်း အီရန်နိုင်ငံရဲ့ နျူကလီးယားအရေး စေ့စပ်ညှိနှိုင်းရေးမှူး၊ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Ali Bagheri က Twitter လူမှုကွန်ရက်မှာ ဗုဒ္ဓဟူးနေ့က ပြောလိုက်တာပါ။

အမေရိကန် နိုင်ငံခြားရေးဌာနကတော့ အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ ၂၀၁၅ ခုနှစ် နိုင်ငံတကာ သဘောတူညီချက်ကို ပြန်လည်ညှိနှိုင်းမှုတွေလုပ်ဖို့ အီရန်ဖက်က ပြောဆိုနေတဲ့ သတင်းတွေ ကြားသိရပေမဲ့ အသေးစိတ်မသိကြောင်း ပြောပါတယ်။

သြစတြီးယားနိုင်ငံ ဗီယန်နာမြို့မှာ ဆွေးနွေးမှုတွေ ပြန်လုပ်ဖို့ အမေရိကန်က ပြင်ဆင်ထားပြီး၊ ဇွန်လထဲ နောက်ဆုံးဆွေးနွေးချိန်မှာ ပြေလည်မှု မရသေးတဲ့ အသေးအဖွဲ ကိစ္စတချို့ကို ညှိနှိုင်းပြီး သဘောတူညီချက်ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ထားကြောင်းလည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောဆိုခဲ့တာပါ။

အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ တရုတ်နဲ့ ဥရောပသမဂ္ဂ (EU) တို့ ပါဝင်ခဲ့ကြတဲ့ အီရန်နျူကလီးယားအရေး ၂၀၁၅ ခုနှစ် သဘောတူညီချက်ကနေ အရင်သမ္မတ Donald Trump လက်ထက် ၂၀၁၈ ခုနှစ်မှာ နုတ်ထွက်ခဲ့ပြီး၊ အီရန်အပေါ် ဒဏ်ခတ်မှုတွေ ပြန်လည် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အီရန်နိုင်ငံမှာ သဘောထား တင်းမာတဲ့ Ebrahim Raisi သမ္မတအဖြစ် ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက်ပိုင်း ဆွေးနွေးမှုတွေ ပြန်စဖို့ EU နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ တိုက်တွန်းနေကြတာပါ။ အမေရိကန်သမ္မတ Joe Biden ကလည်း သဘောတူညီချက်ပါ အချက်တွေအတိုင်း အီရန်က လိုက်နာမယ်ဆိုရင် ဆွေးနွေးမှုတွေ ပြန်စလိုကြောင်း ပြောဆိုထားပါတယ်။

...............................

Your browser doesn’t support HTML5

နျူကလီးယား ဆွေးနွေးပွဲပြန်စဖို့ အီရန် သဘောတူ


{{Unicode}}





