အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံမြို့တော်မှာရှိတဲ့ အီရန် ကောင်စစ်ဝန်ရုံး ပျက်ဆီးသွားတဲ့ကိစ္စ ဆွေးနွေးဖို့လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ပေးဖို့ အီရန်က တောင်းဆိုလိုက်ပါတယ်။ ဧပြီလ ၁ ရက်၊ တနင်္လာနေ့က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အကြီးတန်း စစ်ဘက်ဆိုင်ရာ အကြံပေးတဦး အပါအဝင် လူ ၇ ဦး သေဆုံးခဲ့တယ်လို့ အီရန် တော်လှန်ရေးပြည်စောင့်တပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
အခုလို ဆိုးရွားတဲ့ အကြမ်းဖက်လုပ်ရပ်အပါအဝင် အနာဂတ်မှာ သံတမန်ရေးဆိုင်ရာ လုပ်ငန်းရပ်တွေကို ထိခိုက်မှု မရှိစေရေး အရေးပေါ်စည်းဝေးပွဲ ခေါ်ယူ ကျင်းပဖို့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး Zahra Ershad က လုံခြုံရေးကောင်စီကို တနင်္လာနေ့မှာ စာရေး အကြောင်းကြားခဲ့တာပါ။ အစ္စရေးကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်မှုနဲ့ပတ်သက်လို့ တစုံတရာ ထုတ်ဖော် ပြောဆိုဖို့ ငြင်းဆိုထားပါတယ်။
ဆီးရီးယားနိုင်ငံအတွင်းအစိုးရထိန်းချုပ်ထားတဲ့ နယ်မြေထဲက ရာနဲ့ချီတဲ့ ပစ်မှတ်တွေကို အစ္စရေးက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တိုက်ခိုက်နေခဲ့တာပါ။ ဒါပေမဲ့ အစ္စရေး-ဟာမတ်စ် စစ်ပွဲစတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ လလောက်ကစလို့ တိုက်ခိုက်မှုတွေကို အစ္စရေးက အရှိန်မြင့် လုပ်ဆောင်လာနေပြီး လက်ဘနွန်နဲ့ အစ္စရေးနယ်စပ်တလျှောက် ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့နဲ့ အစ္စရေး စစ်တပ်ကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေတာဖြစ်ပါတယ်။
Your browser doesn’t support HTML5