သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အတွက် ကန် နည်းပညာ လွှဲပြောင်းပေးသူတွေကို ကန်အရေးယူ


FILE PHOTO: အီရန်ဗဟိုဘဏ် CBI
FILE PHOTO: အီရန်ဗဟိုဘဏ် CBI

ဒါဇင်နဲ့ချီတဲ့ အမေရိကန် ကုမ္ပဏီတွေဆီကနေ အီရန်ဗဟိုဘဏ် CBI အပါအဝင် အီရန်လုပ်ငန်းတွေအတွက် နည်းပညာတွေ တရားမဝင် လွှဲပြောင်းပေးနေတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေပါဝင်တဲ့ ကွန်ရက်အဖွဲ့ကို အမေရိကန် ဘဏ္ဍာရေးဌာနက ဒဏ်ခတ် အရေးယူလိုက်ပါတယ်။

အီရန်ဗဟိုဘဏ်ရဲ့ နည်းပညာဆိုင်ရာ ဝန်ဆောင်မှုပေးနေတဲ့ ISC ကော်ပိုရေးရှင်းနဲ့ ဆက်နွယ်နေသူတွေကို အရေးယူတာ ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ သောကြာနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် တူရကီနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE နိုင်ငံတွေမှာ အခြေစိုက်တဲ့ ISC ရဲ့ ပင်မနဲ့ လက်ခွဲ ကုမ္ပဏီ အများအပြားနဲ့ သူတို့နဲ့ ဆက်နွယ်နေတယ်လို့ဆိုတဲ့ ပြင်သစ်-အီရန် ၂ နိုင်ငံ နိုင်ငံသား ခံယူထားတဲ့ Pouria Mirdamadi အပါအဝင် လူပုဂ္ဂိုလ် ၃ ဦးကိုပါ အရေးယူလိုက်တာ ဖြစ်ပါတယ်။

အီရန်ဗဟိုဘဏ် CBI ဟာ လက်ဘနွန်က ဟက်ဇ်ဘိုလာ အကြမ်းဖက်အဖွ့ဲနဲ့ အီရန် အစ္စလမ်မစ်တော်လှန်ရေး အစောင့်တပ်ရဲ့ နိုင်ငံခြားတပ်ဖွဲ့တို့အတွက် အဓိက ငွေကြေးထောက်ပံံ့မှု ပေးနေကြောင်း အကြမ်းဖက်ဝါဒနဲ့ ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေးဌာန လက်ထောက်ဝန်ကြီး Brian Nelson ကပြောပါတယ်။

အရေးပါတဲ့ အမေရိကန်နည်းပညာနဲ့ လုပ်ငန်းတွေကို တရားမဝင်ရယူဖို့ ကြိုးစားတဲ့ အီရန်ရဲ့လုပ်ရပ်ကို အမေရိကန်က အတတ်နိုင်ဆုံး တားဆီးဖို့ ဆက်လက် လုပ်ဆောင်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

အီရန်အတွက် ကန် နည်းပညာ လွှဲပြောင်းပေးသူတွေကို ကန်အရေးယူ
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG